အီရတ်လေတပ်က အမျိုးသမီးနှင့် ကလေးများကို တိုက်ပွဲကြားက ကယ်တင်

Iraqအီရတ် လေတပ်က ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးနဲ့ ကလေးတွေကို သြဂုတ်လ ၃၀ ရက်နေ့က တိုက်ပွဲတွေကြားက ကယ်တင်ခဲ့ပါတယ်။ အမေလီ ဆိုတဲ့ ဆီယိုက်မြို့မှာ အီရတ်တပ်တွေနဲ့ ကာ့ဒ်တပ်တွေက ဆွန်နီ အိုင်အက် သူပုန်တွေကို ထိုးစစ်အတွင်းမှာ အရပ်သားတွေကို ကယ်တင်ခဲ့တာလို့ စစ်တပ်က ပြောပါတယ်။ ဘဂ္ဂဒတ်မြို့ဆီကို ပျံသန်နေချိန်မှာလည်း ရဟတ်ယာဉ်ကို သေနတ်နဲ့ လှမ်းပစ်တာခံရပါတယ်။ အရာရှိ ၂ ယောက်ရဲ့ အဆိုအရ အီရတ်စစ်တပ်၊ ပြည်သူ့စစ်တွေနဲ့ ကာ့ဒ်တပ်တွေဟာ အိုင်အက်စ်သူပုန်တွေ ၀ိုင်းထားတဲ့ မြို့ကို စစ်မျက်နှာ ၄ ခုဖွင့်ပြီး ချီတက်ခဲ့တယ်လို့ ပြောပါတယ်။ ဆီယိုက်မြို့ခံ လက်နက်ကိုင်တွေကလည်း ဆွန်နီ သူပုန်တွေကို ဆက်ခုခံနေရင်း လူတသောင်းခွဲလောက် ပိတ်မိနေတယ်လို့ ဆိုပါတယ်။ အမေလီမြို့ဆီကို ချီတက်တဲ့လမ်းမှာ သူပုန်တွေက မြေမြှုပ်မိုင်းတွေ ထောင်ထားလို့ အချိန်ကြာ နေတယ်လို့လည်း အီရတ် စစ်တပ်က ဗိုလ်ချုပ်တယောက်က ပြောပါတယ်။

More News
Up