ပါကစ္စတန်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသမားများကို ရဲတပ်ဖွဲ့နှိမ်နင်းမှုကြောင့် ဒါဇင်နှင့်ချီ ဒဏ်ရာရ

ပါကစ္စတန်မှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေကို ရဲက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေသုံးပြီး လူစုခွဲခဲ့လို့ လူဒါဇင်နဲ့ချီပြီး ဒဏ်ရာရသွားပါတယ်။ Pakistan Policeဆန္ဒပြသမားတွေဟာ သမ္မတ အိမ်တော်ရဲ့ အ၀င်ဂိတ်ကို တိုက်ခိုက်ပြီး ၀န်ကြီးချုပ်အိမ်ရှေ့မှာ ထိုင်သပိတ်ဆင်နွှဲဖို့ ချီတက်စဉ်မှာ ရဲက လူစုခွဲခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူ အတော်များများကို သြဂုတ် ၃၀ နေ့ မနက်အစောပိုင်းမှာ ဆေးရုံပို့လိုက်ရတယ်လို့ ဆေးရုံအရာရှိတွေက ပြောပါတယ်။ မီဒီယာတွေရဲ့ အဆိုအရ ဆန္ဒပြသမား ၈ ထောင်လောက်ကို ရဲအင်အား တသောင်းလောက်က လူစုခွဲရာမှာ ရဲတချို့လည်း ဒဏ်ရာရတယ်လို့ဆိုပါတယ်။ အတိုက်အခံ ခေါင်းဆောင်နဲ့ အရှိန်အ၀ါကြီးတဲ့ ဘုန်းတော်ကြီးတို့ ခေါင်းဆောင်ပြီး ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာ ၂ ပတ်ကျော်လာတဲ့အချိန်မှာ ရဲက လူစုခွဲတာ ဖြစ်ပါတယ်။

More News
Up