ရုရှားကို အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ရန် သဘောတူဟု ယူကရိန်းသမ္မတ ပြော

သြဂုတ်လ ၃၀ ရက်နေ့ အီးယူ ထိပ်သီး ဆွေးနွေးပွဲက ရုရှားက ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေကို ချမှတ်ဖို့ သဘောတူခဲ့ကြတယ်လို့ ယူကရိန်း သမ္မတ ပတ်ထရို ပိုရို ရှန်ကိုက ပြောပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ငြိမ်းချမ်းရေး အစီအစဉ်အပေါ်မှာ မူတည်မယ်လို့ ဆိုပါတယ်။ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ဖို ကိစ္စကို သေသေချာချာ ဆွေးနွေးခဲ့ကြပြီး အီးယူ အဖွဲ့ဝင်အများစုက ထောက်ခံတယ်လို့ ပြောပါတယ်။ Ukraine's Poroshenkoဒီလို ဒဏ်ခတ်ပိတ်ဆို့တဲ့နေရာမှာ ယူကရိန် သမ္မတရဲ့ ငြိမ်းချမ်းရေး အစီအစဉ် အောင်မြင်မှုအပေါ်မှာ မူတည်တယ်။ အဲဒီ ငြိမ်းချမ်းရေးအစီအစဉ်ကို အီးယူအဖွဲ့ဝင်တွေက လက်ခံကြတယ်လို့ ဘယ်လဂျီယံနိုင်ငံ ဘရက်ဆဲလ်က သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်း သမ္မတက ပြောပါတယ်။ ရုရှားလိုလားတဲ့ သူပုန်တွေကို တားဆီးဖို့ ကြိုးစားနေတဲ့ စစ်ဆင်ရေးကလည်း နောက်လှည့်ဖို့ အခြေအနေမရှိသလောက်ဖြစ်နေပြီး စစ်ပွဲအဆင့်ကို ရောက်ဖို့ နီးခါနီးနေပြီလို့လည်း ပြောပါတယ်။ ယူကရိန်း သမ္မတ ဗစ်တာ ပိုထရို ရှန်ကိုဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ ဘယ်လဂျီယံ နိုင်ငံ ဘရက်ဆဲလ်မှာ ရောက်နေပြီး ယူကရိန်းအရေးမှာ အီးယူဆီက အကူအညီရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သြဂုတ်လ ၂၉ နေ့မှာ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ မီလန်မှာ တွေ့ဆုံခဲ့ပြီး ရုရှားအပေါ် လက်နက်ပိတ်ပင်ရေး စည်းကမ်းတွေ တင်းကျပ်ဖို့နဲ့ လူပုဂ္ဂိုလ်တချို့နဲ့ စီးပွားရေးလုပ်ငန်းတချို့ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ရေး၊ ကရိန်းအတွက် စစ်လက်နက်ထောက်ပံ့ရေး ကိစ္စတွေကို ပြောဆိုခဲ့ပါတယ်။ ဆိုဗီယက် အဖွဲ့ဝင် အရှေ့ပိုင်း နိုင်ငံတွေက ရုရှားအပေါ် တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လိုလားနေပေမယ့် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်တို့လို အနောက်အင်အားကြီး နိုင်ငံတွေက ရုရှားကို စီးပွားရေးအရ ပိတ်ဆို့လိုက်ရင် သူတို့ စီးပွားရေးလုပ်ငန်းတွေပါ ထိခိုက်နိုင်တာကို စိုးရိမ်နေပါတယ်။ ဒီနှစ် ဆောင်းတွင်းမှာ ရုရှားက ဓာတ်ငွေ့တွေ ဖြတ်တောက်မှာကိုတောင် တွေးပူနေကြပါတယ်။ အီးယူနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ ဇူလိုင်လကုန်ပိုင်းက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကြေညာခဲ့ကြပါတယ်။ စွမ်းအင်၊ ဘဏ်လုပ်ငန်းနဲ့ ကာကွယ်ရေးကဏ္ဍတွေကို ပစ်မှတ်ထား ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ ဒီ့မတိုင်ခင်အထိ အီးယူဟာ ယူကရိန်းအရေးမှာ တိုက်ရိုက်ပတ်သက်မှု ရှိတယ်လို့ စွပ်စွဲတဲ့ လူတချို့နဲ့ အဖွဲ့အစည်းတချို့ကိုပဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up