ဆီရီးယားစစ်တပ် အကြမ်းဖက်အခြေစိုက်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်
Published By
DVB | 30 August, 2014
911
0
Share
0
Comment
0
Likes

ဆီရီးယား စစ်တပ်ဟာ မြို့တော် ဒမက်စကက်စ်မြို့ အနီးအနားက ဂျိုဘားရွာတ၀ိုက်ကို ထိုးစစ်ဆင်နေပြီး အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတယ်လို့ ဆီရီးယား ရုပ်မြင်သံကြားက ကြေညာပါတယ်။
အင်တာနက်ပေါ် ရောက်နေတဲ့ ဗီဒီယိုတွေမှာလည်း ဂျိုဘားကျေးရွာတ၀ိုက်မှာ မီးခိုးတွေ ထွက်နေတာကို တွေ့ရပါတယ်။
အစိုးရရုပ်သံ သတင်းမှာ အစိုးရတပ်တွေ ချီတက်နေတာ၊ အဆောက်အဦတွေကို ဖျက်စီးနေတာကို ပြသပါတယ်။ ပတ်ဝန်းကျင်တ၀ိုက်မှာတော့ မီးခိုးတွေ ဖုံးလွှမ်းနေပါတယ်။
ကုလသမဂ္ဂက သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ စာရင်းအရ အိမ်နီးချင်းနိုင်ငံတွေမှာ ဆီရီးယားခိုလှုံနေကြတဲ့ ဆီရီးယား ဒုက္ခသည် ၃ သန်းရှိသွားပြီလို့ ဆိုပါတယ်။ နောက်ထပ် ၆ သန်းခွဲဟာလည်း ဆီရိးယား နိုင်ငံတွင်းမှာပဲ စစ်ပြေးဒုက္ခသည်ဘ၀ရောက်နေတယ်လိုပ ဆိုပါတယ်။
ဒီစာရင်းအတိုင်းဆိုရင် ၃ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် ဆီရီးယား လူဦးရေရဲ့ ထက်ဝက်ဟာ အိုးအိမ်တွေကနေ စွန့်ခွာနေရပြီ ဖြစ်ပါတယ်။