ယူကရိန်းအစိုးရတပ်နှင့် သူပုန်တပ်ဖွဲ့များ၏ တိုက်ပွဲကြောင့် ၄ ဦးဒဏ်ရာရ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ညက်စ်မြို့ ရထားဘူတာရုံတ၀ိုက်မှာ သြဂုတ်လ ၂၉ ရက်နေ့က အမြောက်ဆံတွေ တော်တော်များများ ကျရောက် ပေါက်ကွဲခဲ့ပြီး အဆောက်အဦတခုနဲ့ ထရော်လီ ဘတ်စ် ကားတစီးကို ထိမှန်ခဲ့ပါတယ်။ ဆေးတပ်ဖွဲ့ဝင်တွေကို ကိုးကားပြီး သူပုန်တွေရဲ့ အဆိုအရ အနည်းဆုံး ၄ ယောက် ဒဏ်ရာနဲ့ ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ Ukraineအခု အမြောက်ဆံကျတဲ့ ဘူတာမှာ လမ်းပျက်နေတာကြောင့် မသုံးဘဲပစ်ထားတာ ကြာပြီလို့ သိရပါတယ်။ ဒါပေမယ့် ဘူတာရှေ့က ရင်ပြင်ကတော့ ဈေးနဲ့နီးပြီး ထရော်လီဘတ်စ် ကားတွေ ဂိတ်ထိုးတဲ့ နေရာဖြစ်ပါတယ်။ ယူကရိန်း အရှေ့ပိုင်းမှာ အခုရက်ပိုင်းအတွင်း ရုရှားလိုလားတဲ့ သူပုန်တွေနဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ပင်လယ်ကမ်းခြေဒေသက ဗျူဟာမြောက် မြို့တွေကို သူပုန်တွေက ပြန်သိမ်းဖို့ကြိုးစားနေလို့ အစိုးရတပ်တွေ နောက်ဆုတ်ပေးနေရပါတယ်။ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ အခုလို သူပုန်တွေက ထိုးစစ်ပြန်ဆင်နေတာဟာ ရုရှားတပ်တွေ စစ်ကူေ၇ာက်လာတာကြောင့်လို့ ဆိုပါတယ်။ ရုရှားအစိုးရကတော့ လူသိရှင်ကြား ငြင်ဆန်နေပေမယ့် သူပုန်တွေကိုယ်တိုင်ကတော့ ရုရှားတပ်သားထောင်နဲ့ချီပြီး သူတို့ကို စစ်ကူပေးနေတယ်လို့ ပြောထားပါတယ်။

More News
Up