အိုင်အက်စ်သူပုန် သိမ်းထားသည့်မြို့ ပြန်ရရေး ကာ့ဒ်တပ်များ ဆက်လက်တိုက်ခိုက်

ဓာတ်ပုံ - ရိုက်တာ
974
အီရတ်နိုင်ငံမြောက်ပိုင်းက ကာ့ဒ်တပ်တွေဟာ ဒီယာလာခရိုင်ထဲက ဆာဒီယာဒေသမှာ တပ်စွဲထားတဲ့ အစ္စလာမ္မစ်ပြည်ထောင်စုအဖွဲ့(အိုင်အက်စ်) သူပုန်တွေကို ဆက်လက် တိုက်ပွဲဝင်နေပါတယ်။
[caption id="attachment_63623" align="alignright" width="300"]
ဓာတ်ပုံ - ရိုက်တာ[/caption]
လွန်ခဲ့တဲ့ တပတ်ကျော်က မြို့ကို သိမ်းထားတဲ့ အိုင်အက်စ်သူပုန်တွေလက်ထဲကနေ မြို့ကို ပြန်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အမေရိကန် လေကြောင်းပစ်ကူ ကျောထောက်နောက်ခံနဲ့ ကာဒစ်ရှ် တိုက်ခိုက်ရေး သမားတွေက ဆာဒီယာမြို့ကို ဗုံးကြဲခဲ့ပြီး မော်တာဗုံးတွေနဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဆာဒီယာနဲ့ ဂျလော်လာမြို့တွေကို တိုက်နေတာ ၅ ရက်ရှိပြီလို့ ပဲ့ရှ်မာဂါသတင်း ရင်းမြစ်က ပြောပါတယ်။
၂ မြို့လုံးက မြို့တော်ဘဂ္ဂဒက်ရဲ့ အရှေ့မြောက်ဘက်က ၂ နာရီကားမောင်းရင် ရောက်တဲ့ အကွာအဝေးမှာ ရှိနေတာပါ။ ဂျလော်လာမြို့က အီရန်နယ်စပ်နဲ့ ကီလိုမီတာ ၃၀ ပဲ ဝေးလို့ ဗျူဟာမြောက်နေရာလည်း ဖြစ်ပါတယ်။
ဒီတိုက်ပွဲဟာ ပဲ့ရှ်မာဂါတပ်တွေအတွက် လူအသေအပျောက် အများဆုံး တိုက်ပွဲဝင်နေရာတွေထဲကတခု ဖြစ်ကျန်နေဆဲပါ။
အမာခံ အယ်လ်ကေဒါ ဂိုဏ်းခွဲ အိုင်အက်စ်စစ်သွေးကြွတွေဟာ ဆီးရီးယားနဲ့ အီရတ် ၂ နိုင်ငံလုံးက နယ်မြေအများအပြားကို လတ်တလော လတွေအတွင်း သိမ်းပိုက်ခဲ့ပြီးလို့ အရှေ့အလယ်ပိုင်းဒေသနဲ့ အနောက်အစိုးရတွေကို တပ်လှန့်သလို ဖြစ်ခဲ့ပါတယ်။
သူတို့ကတော့ နယ်စပ်ဖြတ်ကျော် ဆွန်နီမွတ်စလင် ဘာသာရေးဆရာ ခေါင်းဆောင်တဲ့ နိုင်ငံ တည်ထောင်မယ်လို့ ကတိပြု ထားကြပါတယ်။
