A d v e r t i s e m e n t With Us

ရုရှား-ယူကရိန်းနယ်စပ်တွင် သံချပ်ကာကားများနှင့် စစ်သည်များပါသည့် စစ်ကြောင်း တွေ့ရှိ

ရုရှားနဲ့ ယူကရိန်းနယ်စပ်ကနေ ၃ ကီလိုမီတာအကွာ ရုရှားနိုင်ငံဘက်ခြမ်းက ရွာနားမှာ သံချပ်ကာကားတွေနဲ့ စစ်သည်တွေပါတဲ့ စစ်ကြောင်းကို သြဂုတ် ၂၈ ရက်နေ့က မြင်လိုက်တယ်လို့ ရိုက်တာစ်သတင်းဌာနရဲ့ သတင်းထောက်က ပြောပါတယ်။ Ukraineဒီစစ်ကြောင်းမှာ စစ်တပ်ရဲ့ တပ်မနဲ့ တပ်ခွဲစတဲ့ ဘယ်လို အမှတ်အသားမှ မပါဘဲ နယ်စပ်ဘက်ကို ကျောခိုင်းပြီး အရှေ့ဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့ ပြောပါတယ်။ စစ်ကြောင်းမှာ လူတင်သံချပ်ကာယာဉ် ၂ စီး စစ်ကုန်ကား ၆ စီးနဲ့ စစ်ဘက်သုံး မြေတူးစက်တစီးတို့ ပါတယ်လို့ ရိုက်တာစ်သတင်းထောက်က ပြောပါတယ်။ သံချပ်ကာကားပေါ်မှာ ထိုင်လာတဲ့ စစ်သားတွေမှာ မျက်နှာတွေ ညစ်ပတ်နေပြီး တယောက်ကတော့ မျက်နှာကို ပတ်တီးစီးထားတာပါ။ ကုန်ကားတစီးကတော့ ရှေ့မှန်ကွဲကျေ နေပြီး တခြားကုန်ကားက ဆွဲခေါ်လာရတာပါ။ ကြယ်နီတံဆိပ်တပ် AMi-8 အမျိုးအစား စစ်တပ်သုံး ရဟတ်ယာဉ်တစီးလည်း အနားက တပ်စခန်းထဲ ဆင်းသက်ခဲ့ပါတယ်။ ယူကရိန်းကတော့ ရုရှားစစ်သားတွေဟာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီး ယူကရိန်းပိုင်နက်ထဲမှာ ယူကရိန်းတပ်ကို တိုက်နေတယ်လို့ စွပ်စွဲထားပြီး ရုရှားကတော့ ငြင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up