A d v e r t i s e m e n t With Us

အာဆင်နယ်က ဘက်ရှက်တပ်စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရ

ချန်ပီယံလိဂ် ခြေစစ်ပွဲအဖြစ် အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နဲ့ တူရကီကလပ် ဘက်ရှက်တပ်စ်တို့ ဒီနေ့ ကစားတဲ့ပွဲစဉ်မှာ အာဆင်နယ်က ၁ ဂိုးနဲ့ အနိုင်ရရှိသွား ပါတယ်။ FTပထမအကျော့ တူရကီမှာ ကစားစဉ်ကတော့ ဂိုးမရှိသရေ ကစားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ဂိုးကိုတော့ ပေါင် ၃၅ သန်းနဲ့ ဘာစီလိုနာက ခေါ်ယူထားတဲ့ ချီလီ တိုက်စစ်မှူး အဲလက်စ်ဆန်းချက်က သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပွဲချိန် နောက်ဆုံး ၁၄ မိနစ်မှာ အာဆင်နယ်အသင်းက တယောက် အထုတ်ခံခဲ့ရလို့ ၁၀ ဦးနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီပွဲကို အနိုင်ရတဲ့အတွက် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်မှာ ၀င်ရောက်ကစားဖို့ အခွင့်အရေး ရရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ဥရောပ ချန်ပီယံလိဒ် ခြေစစ်ပွဲတွေမှာတော့ စပိန် အက်သလက်တီကို ဘီဘာအိုအသင်းက အီတလီက နာပိုလီကို ၃ ဂို ၁ ဂိုး၊ ဘူဂေးရီးယား လူဒိုကရက်စ်အသင်းက ရိုမေးနီးယားက စတူဟာ ဘူခါရက်စတီကို ၁ ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရခဲ့ပါတယ်။ ဒီနောက် အမှတ်တူတဲ့အတွက် ပင်နယ်တီ ကန်တဲ့အခါ လူဒိုကရက်စ် က ၆ ဂိုး ၅ ဂိုး နဲ့ အနိုင်ရ သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up