အနည်းဆုံး ငြိမ်းချမ်းရေးတံခါးတော့ ဖွင့်သွားနိုင်မှာပါ - ဦးစိုင်းညွန့်လွင်
ပီတာအောင်
·
August 28, 2014
လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ လက်ကျန်သက်တမ်းအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရနိုင်ပေမယ့် မြန်မာပြည်မှာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်တွေ အပေါ်မှာမူတည်နေတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) အဖွဲ့ဝင်လည်းဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာဆွေးနွေးဖို့ ရောက်ရှိနေတဲ့ ဦးစိုင်းညွန့်လွင်ကို ဒီဗွီဘီ သတင်းထောက် ပီတာအောင်က ပြည်တွင်းငြိမ်းချမ်းရေး အလားအလာနဲ့ ပတ်သက်လို့ တွေ့ဆုံ မေးမြန်းထားပါတယ်။