ချက်နိုင်ငံက ကာ့ဒ်တပ်ဖွဲများကို လက်နက်ပံ့ပိုးမည်

ဥရောပအလယ်ပိုင်းဒေသက ချက်သမ္မတနိုင်ငံဟာ အီရတ်နိုင်ငံတွင်းက ကာ့ဒ် တပ်တွေကို လက်နက်ခဲယမ်း မီးကျောက်တွေ ပံ့ပိုးဖို့ ခွင့်ပြုလိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုပါတယ်။ Kurdish Peshmerga forces sweep the Bakirta village near the town of Makhmurအီရတ်မြောက်ပိုင်းက ကျယ်ပြန့်တဲ့နယ်မြေကို စီးနင်းထားတဲ့ အစ္စလာမ္မစ်ပြည်ထောင်စု အဖွဲ့ သူပုန်တွေကို တိုက်ရာမှာ ကူညီဖို့ ရိုင်ဖယ်ကျည်ဆန် ၁၀ သန်း၊ စက်သေနတ်ကျည်ကတ် ၈ သန်း၊ လောင်ချာဗုံးသီး ၅ ထောင်စီနဲ့ စုစုပေါင်း တန်ချိန် ၅၀၀ ပို့ပေးမယ်လို့ ချက် ကာကွယ်ရေးဝန်ကြီး မာတင်စတျော့ပ်နစ်စကီးက ပြောပါတယ်။ အမေရိကန်ဒေါ်လာ ၂ သန်းဖိုး ခဲယမ်းမီးကျောက်တွေကို အမေရိကန်က သယ်ပို့ပေးမှာ ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ပို့ဖို့ ရည်မှန်းထားတာပါ။ အဲဒီနေ့မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်ခ်ဟေဂယ်က ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ခရိုအေးရှား၊ ကနေဒါနဲ့ အယ်ဘေးနီးယား နိုင်ငံတွေက အီရတ်အစိုးရနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကာဒစ်စတန်တပ်တွေကို လက်နက်နဲ့ ကိရိယာတွေ စီစဉ်ပေးဖို့ ကတိပြုခဲ့ကြပြီးပြီလို့ ပြောပါတယ်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်တာ စတိန်းမီးယားက အီရတ်နိုင်ငံ ပြိုကွဲရေး ခြိမ်းခြောက်နေတဲ့ အစ္စလာမ္မစ်ပြည်ထောင်စုအဖွဲ့ သူပုန်တွေကို တိုက်ရာမှာ ကူညီထောက်ပံ့ဖို့ သြဂုတ် ၃၁ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ ၂၇ ရက်နေ့ အစောပိုင်းက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up