လိုင်ဘေးရီးယားတွင် များပြားသည့် အီဘိုလာရောဂါသည်များကို ရုန်းကန်ကြိုးစား ကုသနေရ

နယ်စည်းမထားဆရာဝန်များအဖွဲ့(အမ်အက်စ်အက်ဖ်)က လိုင်ဘေးရီးယားနိုင်ငံ မြို့တော် မွန်ရိုဗီယာက အီဘိုလာရောဂါသည်တွေ အမြောက်အများကို ကုသပေးဖို့ ရုန်းကန် ကြိုးစားနေတာပါ။ Ebolaလူနာအရေအတွက်ဟာ အရင်က တွေ့ဖူးတဲ့ ဘယ်လို အတွေ့အကြုံနဲ့မှာ မတူဘူးလို့ အမ်အက်စ်အက်ဖ်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လက ဂီနီနိုင်ငံကနေ စတင် ကူးစက်လာတဲ့ အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄၂၇ ယောက်ရှိပြီး ကူးစက်ခံရသူ ၂၆၁၅ ယောက် ရှိနေပြီး ဖြစ်တဲ့အပြင် သီးခြား ကူးစက်မှုတရပ်လည်း သြဂုတ် ၂၄ ရက်နေ့က ကွန်ဂိုနိုင်ငံမှာ အတည်ပြုခဲ့ပါတယ်။ အမ်အက်စ်အက်ဖ်ရဲ့ အရေးပေါ် ညှိနှိုင်းဆောင်ရွက်ရေးမှူး လင်ဒစ်ဟူရမ်ကတော့ “ကူးစက်မှုက သိပ်များပြီး တုံ့ပြန်မှုက သိပ်အားနည်းနေတယ်။ ဝန်ထမ်းသစ်တွေကို စုဆောင်း စည်းရုံး သင်တန်းပေးနေတယ်။ အီဘိုလာလမ်းညွှန်ချက်အရ ကုတင်၂၀ ဆံ့ ဌာနအတွက် ရေးပေးထားပေမယ့် ခုတော့ ကုတင်အလုံး ၁၂၀ ကျော်ထိ တိုးချဲ့ရတော့အပြင် ဒီနေ့ ရင်ဆိုင်နေရတာ အီဘိုလာကူးစက်မှုထက် ပိုတယ်။ လူသားချင်းစာနာမှု အကျပ်အတည်းကိုပါ ရင်ဆိုင်နေရတယ်။ နေ့တိုင်း ပိုဆိုးလာနေပြီး မျက်စိရှေ့တင် ပိုတိုးလာနေတယ်”လို့ ပြောပါတယ်။ လူသားတွေအတွက် သေစေနိုင်စွမ်းအမြင့်ဆုံး ရောဂါတွေထဲက တခုဖြစ်တဲ့ အီဘိုလာဟာ လူကိုယ်က ထွက်တဲ့ အရည်တွေကို ထိတွေ့မှုကတဆင့် ကူးစက်စေတာ ဖြစ်ပါတယ်။ လောလောဆယ်ထိ ကျန်းမာရေးလုပ်သား အနည်းဆုံး အယောက် ၁၂၀ ကူးစက်ခံ သေဆုံးခဲ့ပြီးပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up