ဆီးရီးယားအစိုးရနှင့် အိုင်အက်စ်အဖွဲ့ လူထုအပေါ် ရာဇ၀တ်မှုတွေ ကျူးလွန်နေကြောင်း ကုလ ပြော

ဓာတ်ပုံ - AFP
ဆီးရီးယားအစိုးရနဲ့ အစ္စလာမ်မစ်ပြည်ထောင်စုလို့ ခေါ်တဲ့ အိုင်အက်စ်သူပုန်အဖွဲ့ဟာ တဖက်ကိုတဖက် ရက်ရက်စက်စက် တိုက်ရင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ [caption id="attachment_63498" align="alignright" width="300"]ဓာတ်ပုံ - AFP ဓာတ်ပုံ - AFP[/caption]အိုင်အက်စ်သူပုန်တွေကတော့ ဆီးရီးယားမြောက်ပိုင်းမှာ ကိုယ်အင်္ဂါဖြတ်တောက်တာ၊ လူပုံအလယ် သတ်ဖြတ်တာနဲ့ ကြိမ်ဒဏ်တွေအပါအဝင် အကြောက်တရား မွေးဖို့ လှုပ်ရှားမှုတွေ လုပ်နေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာက ဆိုပါတယ်။ ဆီးရီးယားနိုင်ငံတွင်း အစိုးရ အချုပ်ခန်းတွေထဲမှာ ထိန်းသိမ်းခံရသူတွေကို ကာလကြာရှည် စနစ်တကျ နှိပ်စက်သတ်ဖြတ်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၂ သောင်း ၇ ထောင်နီးပါးကို အကဲခတ် သုံးသပ် ထားပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ရဲ့ ၈ ကြိမ်မြောက်အစီရင်ခံစာဟာ လူတွေ့မေးမြန်းမှုပေါင်း ၄၈၀နဲ့ အဖွဲ့က စုဆောင်းထားတဲ့ သက်သေ စာရွက်စာတမ်းတွေကို အခြေခံထားပါတယ်။ ကုလသမဂ္ဂ ရာဇဝတ်မှုရေးရာတရားသူကြီး ကာလာ ဒယ်လ် ပွန်တီ ပါဝင်တဲ့ စုံစမ်းစစ်ဆေးသူတွေဟာ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်သင့်တယ်လို့ ယုံကြည်တဲ့ သံသယရှိသူ ၄ ယောက် စာရင်းကိုလည်း တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုလည်း ဆီးရီးယားက ချိုးဖောက်မှုတွေကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတင်ရေး ရည်ညွှန်းဖို့ တောင်းဆိုကြောင်းအထပ်ထပ် ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up