A d v e r t i s e m e n t With Us

ရုရှားစစ်တပ်တွေ ယူကရိန်းနယ်မြေထဲတွင် စစ်ဆင်ရေးလှုပ်ရှားနေဆဲဟု ပိုလန်ဝန်ကြီးချုပ်ပြော

ပိုလန်ဝန်ကြီးချုပ် ဒိုးနပ်ဒ်တုခ်စ်က ရုရှားစစ်တပ် ပုံမှန်တပ်ဖွဲ့တွေဟာ ယူကရိန်း နယ်မြေထဲမှာ စစ်ဆင်ရေး လှုပ်ရှားနေဆဲ ဖြစ်ကြောင်း ပိုလန်ထောက်လှမ်းရေးအဖွဲ့က အတည်ပြုထားတယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ crimea-defense-russian-soldiers.si၀န်ကြီးချုပ်ကတော့ “ဒီသတင်းဟာ နေတိုးတပ်ဖွဲ့ကနေ လာပြီး ကျနော် ထောက်လှမ်းရေး အဖွဲ့ကလည်း အတည်ပြုထားတယ်။ အတော်ကို တိကျတယ်။”လွှတ်တော်တွင်း အစိုးရရဲ့ အနာဂတ် မူဝါဒရေး မိန့်ခွန်းမှာ ပြောပါတယ်။ ဒါအပြင် ၂၀၁၆ ခုနှစ်မှာ စစ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ စီမံထားတဲ့အချက်လည်း မူဝါဒထဲမှာ ပါဝင်ပါတယ်။ ယူကရိန်းနဲ့ နေတိုးအဖွဲ့ဟာ ရုရှားက ယူကရိန်းအရှေ့ဘက်က ခွဲထွက်ရေးသူပုန်တွေဆီ လက်နက်တွေ ပို့ပေးနေတယ်လို့ စွပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။ သြဂုတ် ၂၆ ရက်နေ့အစောပိုင်းက ရုရှားလေထီးစစ်သားတွေဟာ လက်နက်ကိုင် ခြေလျင်တပ်က ကားတန်းနဲ့ နယ်စပ်ကို ဖြတ်ကျော်ခဲ့တာကို ဖမ်းထားတယ်လို့ ကြေညာအပြီး ဖမ်းဆီးခံ စစ်သားတွေရဲ့ ရုပ်သံကို ယူကရိန်းက ဖြန့်ချိခဲ့ပါတယ်။ ရုရှားသတင်းဌာနတွေကတော့ ရုရှားစစ်သည်တွေ ယူကရိန်းနယ်စပ်ကို ဖြတ်သန်း ဝင်ရောက်ခဲ့တာကို အတည်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်ကို ကိုးကားပြီး ကြေညာပါတယ်။ ရုရှားလေထီးစစ်သည် ၉ ယောက်ကတော့ အမှတ်တမဲ့ ဝင်မိတာ ဖြစ်ပြီး အခြေအနေကို သိချိန်မှာ အတိုက်ခံရမှာကို စိတ်ပင်ပန်းနေခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးအဖွဲ့က စီစဉ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up