Live
Home
သတင်းတို
ဗီဇာအတုကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသူများ ပြစ်ဒဏ်လျှော့ပေါ့နိုင်
DVB
·
August 27, 2014
မလေးရှားနိုင်ငံမှာ ဗီဇာအတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ်စီရင်ခံကြရသူ မြန်မာ ၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်နည်းနဲ့ ချဉ်းကပ်ရာမှာ အလားအလာကောင်းတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အရာရှိတဦးက ပြောပါတယ်။ [caption id="attachment_62714" align="alignright" width="300"]ကွာလာလမ်ပူလေဆိပ် (ဓာတ်ပုံ မလေးရှားရောက်မြန်မာများ ဖေ့စ်ဘွတ်ခ်) ကွာလာလမ်ပူလေဆိပ် (ဓာတ်ပုံ မလေးရှားရောက်မြန်မာများ ဖေ့စ်ဘွတ်ခ်)[/caption] အစိုးရသက်သေအဖြစ် ထိန်းသိမ်းခံထားတဲ့ ၂၀ ဦးကိုတော့ မကြာမီ ရက်ပိုင်းအ တွင်း မြန်မာနိုင် ငံ ပြန်နိုင်ဖို့ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က လက်ဗွေနှိပ်ခဲ့ကြ တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံသားတွကို ဗီဇာအတုနဲ့ မလေးရှားနိုင်ငံကို ခေါ်ဆောင်လာတဲ့ မြန်မာ အေးဂျင့် ၃ ဦးကိုတော့ လာမယ့် စက်တင်ဘာလကုန်လောက် အမိန့်ချမှတ်ပြီး  အိမ်ပြန်နိုင်မှာ ဖြစ်ပေမယ့် သံတမန်နည်းနဲ့ ညှိနှိုင်းမှုအရ မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ပြန်နိုင်မယ်လို့လည်း သံအရာရှိက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024