Home
မြန်မာသတင်း
လူမှုဖူလုံ​ရေးအ​ထောက်​အပံ့ အလုပ်​သမားများ မသိရှိမှု​ကြောင့်​ နစ်​နာ
ပိုင်စိုး
·
August 27, 2014
လူမှုဖူလုံ​ရေးရဲ့ ​ထောက်​ပံ့ကူညီတာ​တွေနဲ့ ပတ်​သက်​ပြီး အလုပ်​သမား​တွေ မသိလို့ နစ်​နာ ဆုံးရှုံး​နေပါတယ်​လို့ ရန်​ကုန်​တိုင်း အလုပ်​သမား​ရေးရာ တာဝန်​ရှိသူ ဦး​ဇော်​​အေး​မောင်​က သြဂုတ်လ ၂၇ ရက်နေ့ လွှတ်​​တော်​ အစည်းအ​ဝေးမှာ ​ပြောပါတယ်​။ [caption id="attachment_32551" align="alignright" width="300"]လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)[/caption]"လူမှုဖူလုံ​ရေးဥပ​ဒေအရ ​ဘောင်​၀င်​တဲ့ အလုပ်​သမား​တွေကို သက်​ဆိုင်​ရာ စက်​ရုံနဲ့ အလုပ်​ရုံ​တွေမှာ စမတ်​​ကတ်တွေ ထုတ်​​ပေးထားပါတယ်​။ သက်​ဆိုင်​ရာ​ဆေးခန်းတွေမှာ သွား​ရောက်​ကုသခွင့်​ ရှိပါတယ်​"လို့ သူက ​ပြောပါတယ်​။ တိုင်းအတွင်းမှာ လူမှုဖူလုံ​ရေး​ဆေးခန်း ၂၁ ခု ဖွင့်​ထားပြီး အ​ရေး​ပေါ်ဖြစ်​လာလို့ အပြင်​​ဆေးခန်း​တွေမှာ ကုသခဲ့ရင်​လည်း ​ငွေပြန်​ထုတ်​ယူလို့ ရပါတယ်​လို့ သူက ဆက်​​ပြောပါတယ်​။ လူမှုဖူလုံ​ရေး လစဉ်​​ငွေ လ​ပေါင်း ၆၀ ​အောက်​​ပေးသွင်းထားတဲ့ အလုပ်​သမားတ​ယောက်​ လုပ်​ငန်းခွင်​မှာ ထိခိုက်​လို့ ​သေဆုံးရင်​ အ​ခြေခံလစာရဲ့ အဆ ၃၀၊ လ​ပေါင်း ၆၀ က ၁၂၀ အထိ ​ပေးသွင်းထားရင်​ အဆ ၅၀၊ လ​ပေါင်း ၁၂၀ က ၂၄၀ အထိ ​ပေးသွင်းထားရင်​ အဆ ၆၀ နဲ့ လ​ပေါင်း ၂၄၀ အထက်​ဆိုရင်​​တော့ အဆ ၈၀ ​လျော်​​ကြေး​ပေးမယ်​လို့ သူက ဆိုပါတယ်​။ ၂၀၁၄ ခုနှစ်​ ဇန်​နဝါရီက ဇူလိုင်​လအထိ လူမှုဖူလုံ​ရေးက အ​ထွေ​ထွေ ​ထောက်​ပံ့ခဲ့​ငွေ​ပေါင်း ကျပ်​သိန်း​ပေါင်း ၆၈၀ ​ကျော်​ ရှိပါတယ်​။ ဒီ​မေးမြန်း​ဖြေဆိုမှုဟာ ပြည်​သူအတွက်​ အကျိုးရှိ​စေတဲ့အတွက်​ နိုင်​ငံ​တော်​ ပြန်​တမ်းမှာ ထည့်​သွင်းဖို့ လွှတ်​​တော်​ဥက္ကဋ္ဌက ဆုံးဖြတ်​လိုက်​ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024