ဒီမာရီယာကို မန်ချက်စတာအသင်း ၅ နှစ် စာချုပ်ဖြင့် ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
ရီးရဲလ်မက်ဒရစ်အသင်းက အိန်ဂျယ် ဒီမာရီယာကို မန်ချက်စတာယူနိုက်တက်အသင်းက ၅ နှစ် စာချုပ်နဲ့ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ [caption id="attachment_63445" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ဒီမာရီယာဟာ မန်ယူမှာ ဆေးစစ်တာတွေ လုပ်ဆောင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ရီးရဲလ်ကနေ ထွက်ခွာခဲ့တာဟာ မန်ယူလို ကလပ်အသင်းကြောင့် ဖြစ်သလို အောင်မြင်မှု မှတ်တမ်းတွေရှိတဲ့ ဗန်ဟားဟာလည်း ထူးချွန်တဲ့နည်းပြ ဖြစ်တယ်လို့ ဒီမာရီယာက ပြောပါတယ်။ မန်ယူအသင်းကို နံပတ် ၁ နေရာရောက်ဖို့ အားလုံးရဲ့ ဆုံးဖြတ်ချက်ကို အားကျ လေးစားမိသလို အသင်းနဲ့ အတူကစားဖို့ မစောင့်နိုင်တော့ဘူးလို့လည်း သူက ပြောပါတယ်။ ဗန်ဟားကတော့ ဒီမာရီယာဟာ ကမ္ဘာ့အဆင်မီ အလယ်တန်းကစားသမားဖြစ်သလို အရေးပါတဲ့ ကစားသမား ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအတွက် လာမဲ့ သြဂုတ် ၃၀ ရက်နေ့မှာ ဘန်လေနဲ့ ကစားမယ့် ပွဲစဉ်မှာ ၀င်ကစားနိုင်မှာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းက ဒီမာရီယာကို ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၉ သန်းကျော်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up