တောင်ကိုရီးယားတွင် ရေလွှမ်းမိုးမှုကြောင့် ၅ ဦး သေဆုံး

South Koreaတောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ဘက်မှာ ရေလွှမ်းမိုးမှုကြောင့် သြဂုတ် ၂၅ ရက်နေ့က အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၅ ဦး ပျောက်ဆုံးနေတယ်လို့ အမျိုးသားအရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။ ဘူဆန်မီးသတ်ဌာနက ပေးပို့တဲ့ရုပ်သံမှာတော့ လမ်းတွေတလျှောက် ရေတက်လာပုံနဲ့ မီး သတ်သမားတွေက အိမ်တွေထဲမှာ ပိတ်မိနေတဲ့လူတွေကို ကယ်ဖို့ ကြိုးစားနေပုံတွေ ပါဝင်ပါတယ်။ ကိုရီးယား မိုးလေ၀သကွပ်ကဲရေးရုံးကတော့ ဘူဆန်မှာ မိုးရေချိန် ၄.၅ လက်မရွာခဲ့ပြီး အနားက ချန်ဝန်မှာတော့ မိုးရေချိန် ၉.၆ လက်မထိ ရွာခဲ့တဲ့အတွက် ရေတွေ တက်လာခဲ့တာလို့ ပြောပါတယ်။ ဘူဆန်မှာ မိုးကြောင့် မြေပြိုခဲ့လို့ အကြီးတန်းနိုင်ငံသားဌာနလို့ ခေါ်တဲ့ ဘိုးဘွားရိပ်သာ အဆောက်အဦတခု ပျက်စီးခဲ့ပြီး အလယ်တန်းကျောင်းရဲ့ ပထမထပ်မှာ ကျောင်းသူ အယောက် ၄၀၀ လောက် ပိတ်မိခဲ့တယ်လို့ မြို့အရာရှိတွေက ပြောပါတယ်။ အာဏာပိုင်တွေက မိုးလေ၀သသတိပေးချက်တရပ် သြဂုတ် ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီ ညနေဘက်မှာ သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up