မြန်မာအမျိုးသမီး ယူ ၁၉ အသင်း တတိယရရှိ

ဓာတ်ပုံ - Myanmar Football Federation
[caption id="attachment_63434" align="alignright" width="300"]ဓာတ်ပုံ - Myanmar Football Federation ဓာတ်ပုံ - Myanmar Football Federation[/caption]ထိုင်းနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့က ကစားခဲ့တဲ့ အာဆီယံ အမျိုးသမီး ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲမှာ မြန်မာအမျိုးသမီးအသင်းက စင်ကာပူ အမျိုးသမီး ယူ၁၉ အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အုပ်စုပွဲတွေအပြီး အိမ်ရှင် ထိုင်းက ရမှတ် ၁၂ မှတ် နဲ့ ပထမ၊ ဗီယက်နမ်က မြန်မာနဲ့ ၇ မှတ် တူပေမယ့် ဂိုးကွာခြားချက် အသာနဲ့ အုပ်စုဒုတိယ ရရှိပြီး ထိုင်းနှင့် ဗိုလ်လုပွဲ ကစား ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ပင်နယ်တီအထိ ကန်ခဲ့ရပြီး ထိုင်းအသင်းက ဗီယက်နမ် ကို ၅ - ၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆု ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up