ဘင်္ဂလားဒေ့ရှ်တွင် ရေလွှမ်းမိုးမှုကြောင့် ဒေသခံ ၇၀၀၀ ကျော် အိုးအိမ်စွန့်ခွာ

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ အခုနှစ် မိုးရာသီအတွင်း မိုးကြီးပြီးရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၇၄၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ခွာနေကြရပြီး သီးနှံစိုက်ခင်းအများအပြားလည်း ပျက်စီးကုန်တယ်လို့ အာဏာပိုင်တွေက အင်္ဂါနေ့က ပြေါဆိုပါတယ်။ 0ဒါကာမြို့တော် မှာပါ ရေလွှမ်းမိုး လာတာကြောင့် အခြေအနေ ပိုဆိုးနိုင် တယ်လို့ ဘေးအန္တရာယ် ကယ်ဆယ်ရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။ နိုင်ငံမြောက်ပိုင်းက ခရိုင် ၂၀ ဟာ ရေနှစ်မြှုပ်ခဲ့ပြီး စိုက်ပျိုးမြေဧက ၁ သိန်း ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ဆိုပါတယ်။ ရေလွှမ်းမိုးနေတဲ့ ဒေသက ကျောင်း ၃၀၀ ကျော်ကိုလည်း ပိတ်ထားရပါတယ်။ ဆန်တန်ချိန် ၈ ထောင် နဲ့  အမေရိကန်ဒေါ်လာ ၄ သိန်းလောက် ရေဘေးကယ်ဆယ်ရေးအတွက် သုံးစွဲမယ်လို့လည်း ဘင်္ဂလာဒေရှ့်အစိုးရက ကြေညာထားပါတယ်။ အခုနှစ်မိုးရာသီအတွင်း အိန္ဒိယနိုင်ငံမှာလည်း ရွာပေါင်း ၁၅၀၀ ကျော် ရေနစ်မြှုပ်ခဲ့ပြီး Uttar Pradesh ပြည်နယ်မှာ လူအနည်းဆုံး ၂၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up