Home
မြန်မာသတင်း
ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု အဖွဲ့ခေါင်းဆောင်ပြော
DVB
·
August 26, 2014
ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေတွေ့ ရှိပြီလို့ ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဒီဗွီဘီကို ပြောပါတယ်။ dvb23-622x414အခု တွေ့ရှိ တဲ့ခေါင်းလောင်းဟာ ရန်ကုန်မြစ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော် က ပျောက်ဆုံးနေ တဲ့ ကြေးပိဿာ ၁ သိန်း ၈ သောင်းကျော်ရှိတဲ့  ခေါင်းလောင်း လားဆိုတာ အမေးကိုတော့ ကုန်းပေါ်ရောက်မှ အဖြေပေါ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ခေါင်းလောင်းကို ရှာဖွေနေတဲ့ မြစ် ၃ စင်းဆုံတဲ့အနီးမှာ တွေ့ရှိခဲ့တာဖြစ်သလို ကြိုးချည်ပြီး အပေါ် တင်နိုင်အောင် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ အသေးစိတ်ကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမယ်လို့ သူက ပြောပါတယ်။ သြဂုတ် ၉ ရက်နေ့ကနေ စတင် ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ရှိသလို  လူအများ စိတ်ဝင်စားခဲ့ကြပြီး သတင်းစာနဲ့ ဂျာနယ်တွေက ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းတွေကို မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024