ယူအန်အက်ဖ်စီ ပထမဆုံးညီလာခံ ထိပ်သီးဦးဆောင်ကော်မတီသစ် ပြန်ရွေးမည်

ယူအန်အက်ဖ်စီ ညီလာခံ (ဓာတ်ပုံ - Aung Moe Myint)
814
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ပထမ ဆုံး ညီလာခံကို ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်နေပြီး ညီလာခံကနေ ထိပ်သီးဦးဆောင်ကော်မတီအသစ်ကို ပြန်ရွေးကောက်မှာ ဖြစ်ပါတယ်။
ယူအန်အက်စီအနေနဲ့ ညီလာခံကို သုံးနှစ်တကြိမ်ကျင်းပဖို့ ချမှတ်ထားတဲ့မူအတိုင်း အခု ပထမဆုံးအကြိမ် ညီလာခံကို ကျင်းပနေတာဖြစ်ပါတယ်။
[caption id="attachment_63344" align="alignleft" width="300"]
ယူအန်အက်ဖ်စီ ညီလာခံ (ဓာတ်ပုံ - Aung Moe Myint)[/caption]
ညီလာခံကို သြဂုတ် ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ယူအန်အက်ဖ်စီရဲ့ ထိပ်သီး ဦးဆောင်ကော်မတီ အသစ်ကို ပြန် လည် ရွေးကောက် မယ်လို့ ယူအန်အက်ဖ်စီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။
ဒီကနေ့မှာတော့ ယူအန်အက်ဖ်စီရဲ့ သုံးနှစ်တာ လုပ်ဆောင်ခဲ့တဲ့ အခြေအနေတွေအပေါ် ပြန်လည်သုံးသပ်တဲ့ အစီရင်ခံစာတွေတင်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ဟံသာက ပြောပါတယ်။
ဒီညီလာခံမှာ ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေအပြင် တခြားအဖွဲ့ ၅ ဖွဲ့ကိုလည်း ဒီညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။
အထူးဖိတ်ကြားထားတဲ့အဖွဲ့တွေကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်တပ်မတော်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့ဖြစ်ပြီး လူပေါင်း ၇၀ နီးပါး ညီလာခံကို တက်ရောက်ကြပါတယ်။
ယူအန်အက်ဖ်စီကို ၂၀၁၁ ခုနှစ်က လက်နက်ကိုင်တိုင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၁၂ ဖွဲ့ရှိပါတယ်။
လက်ရှိကာလမှာ ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေ အများစု ပါဝင်တဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အစိုးရနဲ့ တပြည်လုံးအပစ်ရပ်နိုင်ဖို့ ဆွေးနွေးပွဲတွေ ပြုလုပ်နေပြီး တပြည်လုံးအပစ်ရပ်နိုင်ဖို့ အလားအလာများနေပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်
