Home
မြန်မာသတင်း
သြဂုတ် ၂၆ ရက် မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
August 25, 2014
သြဂုတ် ၂၅ ရက်နေ့ မနက် ၇ နာရီခွဲအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ သြဂုတ် ၂၆ ရက် မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး ၂ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်ပါတယ်။ Slide6ခရမ်း လွန်ရောင်ခြည်မြင့် တက်နိုင်မှုအနေနဲ့ ကတော့ လွန်ကဲအဆင့် ဖြစ်တဲ့ ခရမ်း လွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက် ကျရောက်နိုင်တာ ကတော့ ဟဲဟိုးမြို့၊ မြစ်ကြီးနားမြို့၊ လားရှိုးမြို့နဲ့ ဟား ခါးမြို့တို့ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အနိမ့်ဆုံးကျရောက်နိုင်တဲ့ ဟားခါးမြို့မှာ  အညွှန်းကိန်း တန်ဖိုးကတော့ ၅.၈ သာ ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်း တန်ဖိုး ၁၁ ကနေ ၁၃ ကျော်မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာကတော့ မကွေးမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၃.၃ ကျရောက်နိုင်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့သေချာမှု ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကြား မိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှုအနေနဲ့  ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းရှိနိုင်ပါတယ်။ မိုးရေချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024