လစ်ဗျား နိုင်ငံတကာလေဆိပ်ကို အစိုးရဆန့်ကျင်သည့် တပ်များ သိမ်းပိုက်

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီက နိုင်ငံတကာလေဆိပ်ကို အစိုးရ ဆန့်ကျင်တဲ့ လက်နက်ကိုင်တပ် တွေက သြဂုတ် ၂၄ ရက်နေ့က သိမ်းလိုက်ပါတယ်။ အာဏာရှင် ကဒါဖီအလွန် လစ်ဗျားမှာ ဒီရက်သတ္တပတ်တွေအတွင်း အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ libya-airport-shellingအငြိမ်းစား ဗိုလ်ချုပ်ကြီး ခါလီဖာ ဟပ်တာက အစ္စလာမ္မစ်ဝါဒီ တပ်တွေကို စစ်ကြေညာထားပြီး လစ်ဗျားမှာ မင်းမဲ့နိုင်ငံ လို အခြေအနေ မျိုး ဖြစ်နေတာပါ။ ဗိုလ်ချုပ်ဟောင်း ဟပ်တာ ခေါင်းဆောင်တဲ့ လက်နက်ကိုင်တပ်မှာ အများစုက မစ်ရာတာ မြို့က တိုက်ခိုက်ရေးသမားတွေ ဖြစ်ပြီး အရင်တပတ် စနေနဲ့ တနင်္လာနေ့တို့မှာ ထရီပိုလီမြို့မှာ ပြိုင်ဖက် ဇင်တန်မြို့ခံ လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ လစ်ဗျားကို တော်လှန်ခဲ့တဲ့စစ်ပွဲမှာ မစ်ရာတာမြို့နဲ့ ဇင်တန်မြို့က လက်နက်ကိုင်တွေဟာ သွေးသောက်ရဲဘော်တွေ ဖြစ်ခဲ့ပြီး အခုတော့ ပြိုင်ဖက်တွေ ဖြစ်နေတာပါ။ လစ်ဗျားအစိုးရဟာ လက်နက်ကိုင်တပ်တွေကို မထိန်းနိုင်တာကြောင့် ကျဆုံးနိုင်ငံ ဖြစ်မှာကို မဟာမိတ်ဖြစ်တဲ့ အနောက်နိုင်ငံတွေက စိုးရိမ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up