Live
Home
သတင်းတို
ကွမ်းခြံကုန်းတွင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်
DVB
·
August 25, 2014
ရန်ကုန်တောင်ဘက်  ကီလိုမီတာ ၄၀ လောက်အကွာ ကွမ်းခြံကုန်းမြို့နယ်မှာ ပြည်တွင်း ကုမ္ပဏီတခုက  ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရှိနေတယ်လို့ စီမံကိန်း တာဝန်ရှိသူတွေက သြဂုတ်လ ၂၃ ရက်နေ့က ဒေသခံတွေနဲ့ တွေ့ဆုံ ပြောကြားလိုက်ပါတယ်။ [caption id="attachment_63248" align="alignright" width="300"](ဓာတ်ပုံ - Linlat Thu ဖေ့စ်ဘွတ်ခ်) (ဓာတ်ပုံ - Linlat Thu ဖေ့စ်ဘွတ်ခ်)[/caption] ကွမ်းခြံ ကုန်းမြို့ နယ် သောင်ခုန်ကျေး ရွာ အနီးမှာကောင်း မြတ်သော မြေကုမ္ပဏီက တည်ဆောက်မှာဖြစ်ပြီး  ဒီစီမံကိန်းကို နိုင်ငံတကာစံနဲ့အညီ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်နဲ့ ဒေသခံတွေရဲ့  လူမှုစီးပွား မထိခိုက်အောင်  ဆောင်ရွက်သွားမယ်လို့ စီမံကိန်းတာဝန်ရှိသူတွေက ပြောကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်း စာတွေမှာဖော်ပြပါတယ်။ ဒေသခံတွေကတော့  စီမံကိန်းကြောင့် ကျန်းမာရေးထိခိုက်မှာနဲ့ စွန့်ပစ်ရေနဲ့ ပစ္စည်းတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရမှာကို စိုးရိမ်ပူပန်နေကြသူတွေရှိသလို လျှပ်စစ်မီးရရှိမှာကြောင့် စီမံကိန်းကို လက်ခံသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းကနေ ရန်ကုန်နဲ့ ကွန်းခြံကုန်းဒေသ အနီးဝန်းကျင်ကို ဓာတ်အားပေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ပထမအဆင့် မဂ္ဂါဝပ်  ၁၅၀ ထွက်မယ့် စက်ရုံ ၂ ရုံ၊ လိုအပ်ချက်ရှိပါက  ဒုတိယအဆင့် မဂ္ဂါဝပ် ၃၃၀ ထွက်မယ့် စက်ရုံ ၃ ရုံ နဲ့  တတိယအဆင့် မဂ္ဂါဝပ်  ၆၆၀ ထွက်မယ့်  စက်ရုံ ၂ ရုံ  တည်ဆောက်သွားဖို့ အစီအစဉ်ရှိ တယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024