ချင်းတွင်းမြစ်ရေ တိုးပြီး ပူတာအိုတ၀ိုက် မြေပြိုနိုင်ဟု မိုးလေ၀သပညာရှင်ပြော
ရွှေအောင်
·
August 24, 2014
မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ မိုးကြီးနေတဲ့အတွက် ချင်းတွင်းမြစ်ရေတိုး နိုင်တယ်၊ ကချင်ပြည်နယ်၊ ပူတာအိုတ၀ိုက်မှာ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
ချင်းတွင်းမြစ်ဖျားပိုင်းဒေသတွေဖြစ်တဲ့ ခန္တီးနဲ့ ဟုမ္မလင်းမှာ ရေကြီးနိုင်ပြီး ချင်းတွင်းမြစ်ဝှမ်းနေ ပြည်သူတွေ သတိထားနေကြဖို့လည်း သူက တိုက်တွန်းပြောကြားပါတယ်။
ဦးထွန်းလွင်ကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။