ကွန်ဂိုနိုင်ငံတွင် အီဘိုလာနှင့် လက္ခဏာတူ အမည်မသိရောဂါတမျိုးကြောင့် သေဆုံးသူ များပြား

ဒီမိုကရက်တစ်သမ္မတ ကွန်ဂိုနိုင်ငံမှာ အမည်မသိ ရောဂါတမျိုးကြောင့် တလအတွင်း လူတော်တော်များများ သေဆုံးခဲ့ပြီလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ AFP ရောဂါ ခံစားရသူတွေဟာ အီဘိုလာ ရောဂါ သည်တွေလိုပဲ အဖျားဝေဒနာခံစားရတာ၊ ၀မ်းလျော့ အော့အန်တဲ့ ရောဂါလက္ခာဏာတွေကို ခံစားရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီရောဂါကို အီဘိုလာ ရောဂါဖြစ်တယ်လို့ အတည်ပြုဖို့ စောသေးတယ်လို့ အစိုးရက ပြောပါတယ်။ လူနာတွေရဲ့ သွေးနမူနာတွေကို ယူဖို့ ဆေးအဖွဲ့တဖွဲ့ကို စေလွှတ်ထားတယ်လို့ ပြောပါတယ်။ ဂါဘွန်မြို့ ဓာတ်ခွဲခန်းမှာလည်း စစ်ဆေးနေပြီး တပတ်ကျော်တွင်းမှာ အဖြေထွက်လိမ့်မယ်လို့ ပြောပါတယ်။ အီဘိုလာ ဗိုင်းရပ်စ်ကို ၁၉၇၆ ခုနှစ်က ဇိုင်ရီ နိုင်ငံမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဇိုင်ရီ နိုင်ငံဆိုတာက ဒီမိုကရက်တစ်သမ္မတ ကွန်ဂို နိုင်ငံပါပဲ။ အခုနောက်ဆုံး အီဘိုလာရောဂါကူးစက်တဲ့ နိုင်ငံတွေမှာတော့ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ မပါဝင်သေးပါဘူး။ လိုက်ဘေးရီးယား၊ ဂီနီ၊ ဆီရာလီယွန်၊ နိုက်ဂျီးရိးယားတို့မှာ မတ်လကစလို့ ရောဂါကူစက်သူ ၂၆၀၀ ကျော်ထဲက ၁၄၂၇ ယောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up