အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့သည့် ရာဇ၀တ်သား ၈ ဦးကို တရုတ်အစိုးရ ကွပ်မျက်

Video grab of the trial of three people sentenced to death for their roles in an October attack on the edge of Beijing's Tiananmen Squareအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်အုပ်စုအဖွဲ့ဝင် ရာဇ၀တ်သား ၈ ယောက်ကို တရုတ်နိုင်ငံမှာ ကွပ်မျက်လိုက်ပါတယ်။ အပြစ်ပေးခံရ ရာဇ၀တ်သား ၈ ယောက်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ဂျန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှု ၅ ခုမှာ ပါဝင်ခဲ့ပါတယ်။ လူသတ်မှု၊ မီးရှို့မှု၊ ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်မှု၊ တရားဥပဒေနဲ့မညီတဲ့ ထုတ်လုပ်မှုတွေနဲ့ ပတ်သက်ခဲ့တယ်လို့ ရှင်ဂျန်းဒေသမြို့တော် အူရမ်ကီနဲ့ ခရိုင်တရားရုံး ၃ ခုက ဆုံးဖြတ်ခဲ့တာပါ။ ဆုံးဖြတ်ချက်ကို ပြည်သူ့တရားရုံးချုပ်ကလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up