အိန္ဒိယတပ်တွေ ပစ်ခတ်မှုကြောင့် ပါကစ္စတန် ၃ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

အိန္ဒိယတပ်တွေက သြဂုတ်လ ၂၃ ရက်နေ့က သေနတ်နဲ့ပစ်ခတ်တဲ့ အတွက် ပါကစ္စတန် ရွာသား ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရသွားတယ်လို့ အစိုးရသတင်းအေ၈ျင်စီ အေပီပီ သတင်းဌာနက ဆိုပါတယ်။ 452327-jammuborderreuters-1350393452-787-640x480အိန္ဒိယ မြောက်ပိုင်း ဂျမူးနဲ့ ကက်ရှမီးယား နယ်စပ်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ အိန္ဒိယဘက်က ပစ်လိုက်တဲ့ အမြောက်ဆံတွေကြောင့် ပါကစ္စတန်ဘက်မှာ အိမ်တွေ တော်တော်များများ ပျက်စီးနေတာကို ရုပ်သံက ပြသပါတယ်။ ပါကစ္စတန် တပ်တွေကလည်း လက်တုံ့ပြန် တိုက်ခိုက်ခဲ့လို့ အိန္ဒိယဘက် အခြမ်းမှာလည်း အရပ်သား ၂ ယောက် သေဆုံးပြီး တော်တော်များများ ဒဏ်ရာရတယ်လို့ အိန္ဒိယနယ်ခြားစောင့် တပ်ဖွဲ့က ပြောပါတယ်။ အစဉ်အလာ ပြိုင်ဖက်ဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တပ်တွေ ၂၀၀၃ ခုနှစ်ကစလို့ အပစ်ရပ်ထား ပေမယ့် အခန့်မသင့်ရင် အပြန်အလှန်ပစ်ခတ်မှုတွေ ပေါ်ပေါက်လေ့ရှိပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာ အပစ်ရပ်စဲရေး သဘောတူညီချက် စည်းကမ်းကို ချိုးဖောက်မှု အကြိမ် ၂၀၀ ကျော်ဖြစ်ခဲ့လို့ ၁၀ နှစ်တွင်း အဆိုးဆုံး အခြေအနေကို ရောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up