A d v e r t i s e m e n t With Us

အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတရွေးကောက်ပွဲရလဒ် ထပ်မံအတည်ပြု

အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတ ရွေးကောက်ပွဲရလဒ်ကို ထပ်လောင်း အတည်ပြုလိုက်လို့ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံ သမ္မတ ဂျိုကိုဝီအတွက် အစိုးရအဖွဲ့ဖို့ လမ်းပွင့်သွားပါပြီ။ ရှုံးသွားတဲ့ သမ္မတလောင်း ပရာဘိုဝို ဆူဘီယန်တိုက အမှုဖွင့်ခဲ့တာကို ဖွဲ့စည်းပုံခုံရုံးက အများ မျှော်လင့်ထားတဲ့အတိုင်းပဲ ပယ်ချလိုက်ပါတယ်။ အခု အဆုံးအဖြတ်ဟာ နောက်ထပ် အယူခံလို့ မရတော့တဲ့ အပြီးသတ် စီရင်ချက်ဖြစ်ပါတယ်။ 20140330_indopresidentialhopefuljokowi_reutersဖွဲ့စည်းပုံ ခုံရုံး တရားသူကြီး ၉ ယောက်က အမှုလျှောက်လွှာကို ပယ်ခဲ့တယ်လို့ ခုံရုံးအကြီးအကဲ ဟမ်ဒါ ဇိုးလ်ဗာက ပြောပါတယ်။ ၄ နာရီခွဲကြာတဲ့ စီရင်ချက်ကို ခုံရုံးအကြီးအကဲက ဖတ်ကြားခဲ့ပါတယ်။ ခုံရုံးက ဒီလို ဆုံးဖြတ်ပြီးတဲ့အခါမှာတော့ ဆူဘီယန်တိုရဲ့ မဟာမိတ်အဖွဲ့ကလည်း ဂျာကတာမြို့က အဆင့်မြင့် ဟိုတယ်ကြီး တခုမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်ကို လက်ခံတယ်လို့ ကြေညာပါတယ်။ တရားဥပဒေ ပြဿ နာ ပြေလည်သွားပြီဖြစ်လို့ ရွေးကောက်ခံရတဲ့ သမ္မတ ဂျိုကိုဝီအနေနဲ့ အောက်တိုဘာ ၂၀ မှာ သမ္မတရာထူးကို လက်ခံဖို့ အရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့ လမ်းပွင့်သွားပါပြီ။ ဂျိုကိုဝီဟာ မကြာခင်မှာ ဂျာကာတာ မြို့တော်ဝန်တာဝန်ကနေ တရားဝင်နုတ်ထွက်ပြီး သမ္မတ တာဝန်ကို ထမ်းဆောင်နိုင်ဖို့ ပြင်ဆင်ဖွယ်ရှိပါတယ်။ နောက်တဆင့်ကတော့ လက်ရှိသမတနဲ့ တွေ့ဆုံပြီး အခက်အခဲတွေကို လေ့လာပြီး အာဏာအလွဲအပြောင်း အဆင်ချောဖို့ ပြင်ဆင်သွား မယ်လို့ ဂျိုကိုဝီက ပြောပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဖက်ဖြစ်ခဲ့တဲ့ သမ္မတလောင်း မစ္စတာ ပရာဘိုဝိုနဲ့ ဒုသမ္မတလောင်း မစ္စတာ ဟတ်တာတို့ကလည်း မိတ်ဆွေကောင်းတွေဖြစ်တယ်။ အစကတည်းက ဘာပြဿ နာမှ မရှိခဲ့လို့ ပြန်လည်သင့်မြတ်ရေးဆိုတာ ပြောစရာတောင် မလိုပါဘူးလို့ ဂျိုကိုဝီက ပြောပါတယ်။ ရွေးကောက်ပွဲမှာ မဲမသာမှုတွေ ရှိခဲ့တယ်လို့ ပရာဘိုဝိုက စွပ်စွဲပြီးနောက် သူ့ကို ထောက်ခံသူတွေကလည်း အစပိုင်းမှာ ဖွဲ့စည်းပုံခုံရုံးနား စုရုံးခဲ့လို့ ရဲက မျက်ရည်ယိုဗုံးတွေ ရေပိုက်တွေကို သုံးပြီး လူစုခွဲခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up