ဂျပန်နိုင် ဟီရိုရှီးမားမြို့ မြေပြိုမှု၊ သေဆုံးသူ ၉၀ အထိ ရှိလာ

ဓာတ်ပုံ - ရိုက်တာ
ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့စွန်မှာ မြေပြိုမှုအတွင်း သေဆုံးသူ ၉၀ အထိ ရှိနိုင်တယ်လို့ ကယ်ဆယ်ရေး အလုပ်သမားတွေက ပြောပါတယ်။ နောက်ထပ် မြေပြိုနိုင်တာကိုလည်း စိုးရိမ်နေပါတယ်။ မိုးသည်းထန်နေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးနေတယ်လို့ ကယ်ဆယ်ရေးလုပ်သမားတွေက ပြောပါတယ်။ လောလောဆယ် အလောင်း ၃၉ လောင်းကို တွေ့ရှိခဲ့ပြီး ၅၀ ကျော်လောက် မြေအောက် ဖုံးမိနေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ [caption id="attachment_63175" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]သြဂုတ်လ ၂၁ ရက်နေ့အထိ လူ ၇ ယောက် ပျေက်နေတယ်လို့ ရဲအဖွဲ့က ပြောခဲ့ပေမ့ယ် ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေက လူပျောက်စာရင်းကို ထပ်တိုင်ကြလို့ ပျောက်ဆုံးသူ ၅၂ ယောက် ရှိလာတာပါ။ ဒါကြောင့် အသေအဆုံး စာရင်းဟာ ၉၂ ယောက် အထိ ရှိနိုင်ပါတယ်။ “ရာသီဥတုအခြေအနေက နောက်ထပ် ကပ်ဘေးတခုနဲ့ ကြုံနိုင်လို့ အထူးဂရုစိုက်ဖို့ လိုအပ်တယ်” လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ခြေလျင်တပ်ရင်း ၄၇ က ဒုတပ်မှူး ယာဆူ တိုယိုတာက ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က တာကီရူ အိုကာကလည်း “ကပ်ဘေးက ထင်တာထက် ပိုဆိုးတယ်။ လူပျောက်စာရင်းကတည်း တိုးနေတုန်းပဲ”လို့ ပြောပါတယ်။ မိသားစုတွေ၊ မိတ်ဆွေတွေကလည်း လူပျောက်တွေကို ရှာဖို့ မြေပြိုထားတဲ့ နေရာမှာ ရောက်နေကြပါတယ်။ နယ်ခံ အတော်များများကတော့ အနီးနားက စာသင်ကျောင်းတခုမှာ ဒုက္ခသည်တွေ ဖြစ်နေပါတယ်။ မြေပြိုတဲ့ ဒေသက နယ်ခံတွေသာ မက အနီးအနားက နယ်ခံတွေကလည်း မြေပြိုမှာ စိုးရိမ်ပြီး ဒုက္ခအဖြစ် ခိုလှုံနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up