ထိုင်းအာဏာသိမ်းခေါင်းဆောင်ကို ၀န်ကြီးချုပ် ခန့်လိုက်သည့်အပေါ် ပြည်သူတွေ အကောင်းမြင်

ဓာတ်ပုံ - ရိုက်တာ
ထိုင်းနိုင်ငံမှာ အာဏာသိမ်းခေါင်းဆောင် ပရာယွတ် ချန်အိုချကို စစ်တပ် လွှမ်မိုးထားတဲ့ လွှတ်တော်က ၀န်ကြီးချုပ်အဖြစ် ခန့်လိုက်တာ အနာဂတ်အတွက် မရေရာပေမယ့် အကောင်းမြင်တယ်လို့ ဘန်ကောက်မြို့ခံတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ၆ လကြာ နိုင်ငံရေးဝရုန်းသုန်းကား ကာလကို ဖြတ်သန်းခဲ့ရပြီးနောက် စစ်တပ်ဟာ မေလ ၂၂ ရက်နေ့မှာ အာဏာသိမ်းခဲ့တာပါ။ [caption id="attachment_63167" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]အာဏာသိမ်းခေါင်းဆောင်ကို ၀န်ကြီးချုပ် ခန့်လိုက်ပြီဖြစ်လို့ ကြားဖြတ်အစိုးရတရပ်ဟာ လာမယ့် ရက်သတ္တပတ်အတွင်းမှာ ပေါ်ပေါက်လာနိုင်စရာ ရှိပါတယ်။ တိုင်းပြည် အာဏာဟာ ထိုင်း အာဏာသိမ်းအစိုးရ လက်ထဲမှာပဲ ခိုင်ခိုင်မာမာ ရှိနေမှာ ဖြစ်ပါတယ်။ ထိုင်းဗိုလ်ချုပ်ကြီးက ၂၀၁၅ နှောင်းပိုင်း ရွေးကောက်ပွဲအသစ် မတိုင်ခင်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို ၁ နှစ်အချိန်ယူပြီး လုပ်သွားမယ်လို့ ပြောထားပါတယ်။ အသက် ၅၃ နှစ်အရွယ် အ၀တ်ရောင်သူ မာလီရတ် က နိုင်ငံရေး ပြဿ နာတွေကနေ ကျော်လွှားနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ “အခုအထိတော့ အခြေအနေက အကောင်းကြီး မဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်များများ ကတော့ စီးပွားရေး ပြန်ကောင်းလာပြီး လူတွေ အရောင်းအ၀ယ် ပိုလုပ်လာဖို့ မျှော်လင့်နေပါ တယ်။ အရောင်းအ၀ယ်ကောင်းရင် အားလုံး ပျော်မှာပါ။ နည်းနည်းတော့ စိတ်ရှည်ရမှာပေါ့” လို့ ပြောပါတယ်။ အသက် ၅၉ နှစ်အရွယ် ဘဏ်ဝန်ထမ်းတဦးက “တခုခု မျှော်လင့်ဖို့ စောလွန်းသေးတယ်။ အစိုးရအဖွဲ့ ပေါ်လာပြီး အလုပ်တွေ လုပ်ပြီးတော့မှ စောင့်သင့်တယ်”လို့ ပြောပါတယ်။ အာဏာသိမ်းခေါင်းဆောင် အသက် ၆၀ အရွယ် ဗိုလ်ချုပ်ကြီးကို ၀န်ကြီးချုပ် ခန့်အပ်တာကို တော်တော်များများက မအံ့သြကြပါဘူး။ ဗိုလ်ချုပ် ပရာယွတ်ဟာ လက်ရှိ အာဏာသိမ်းကောင်စီ အမျိုးသားငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကောင်စီရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ လက်ရှိ ၀န်ကြီးချုပ် ခန့်အပ်တာကို ထိုင်းဘုရင်မင်းမြတ်ရဲ့ အတည်ပြု ထောက်ခံချက် လိုအပ်သေး ပါတယ်။ အာဏာမသိမ်းခင်အထိ ထိုင်းစစ်တပ်ဟာ အာဏာသိမ်းဖို့ ကြံစည်နေတယ်ဆိုတဲ့ ကောလဟလ တွေကို ဗိုလ်ချုပ်ပရာယွတ်က ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းစစ်တပ်မှာ နိုင်ငံရေး ဖြစ်လာနိုင်ခြေ အမျိုးမျိုးအပေါ်မှာ ဘယ်လို တုံ့ပြန်သွားမလဲဆိုတဲ့ အစီအစဉ် ကြိုတင်ရှိခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက မေလမှာ ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up