ဆီရီးယား ပြည်တွင်းစစ်ကြောင့် သေဆုံးသူ ၂ သိန်းနီးပါးရှိ

ဆီရီးယား ပြည်တွင်းစစ်အတွင်း ဧပြီလအထိ သေဆုံးသူ ၁ သိန်း ၉ သောင်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂက သြဂုတ်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။ People inspect a site hit by what activists said were barrel bombs dropped by forces loyal to Syria's President Bashar al-Assad in the northern town of Atareb, in Aleppo provinceဒီနှစ်အတွင်းမှာ လူ ၆၂၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀၁၃ နှစ်ဇွန်လက စာရင်းထက် ၂ ဆကျော် ရှိသွားပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ပြောခွင့်ရသူက ဆွစ်စလန် နိုင်ငံ ဂျီနီဗာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီစာရင်းတွေဟာ အဖွဲ့လေးဖွဲ့နဲ့ အစိုးရဆီက စာရင်းတွေကို အပြန်ပြန်အလှန်လှန် စိစစ်ပြီး ထုတ်ပြန်တာလို့ လူ့အခွင့်အရေး ကော်မရှင်နာ နဗီပေလေ ရဲ့ ကြေညာချက်မှာ ဆိုထားပါတယ်။ ဆီရီးယား စစ်ပွဲမှာ ဘက်အားလုံးက စစ်ရာဇ၀တ်မှုနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နိုင်ခြေရှိတဲ့ စွပ်စွဲချက်တွေ ရှိနေတဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာခုံရုံးက အရေးယူဆောင်ရွက်နိုင်အောင် အခွင့်အာဏာလွှဲပြောင်းပေးဖို့ကိုလည်း လူ့အခွင့်အရေး ကောင်စီက တောင်းဆိုလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up