တနိုင်ငံလုံးလျှပ်စစ်အသုံးပြုမှု ၃ နှစ်အတွင်း ယူနစ်သန်း ၃ ထောင်ကျော်တိုး
ပိုင်စိုး
·
August 22, 2014
တနိုင်ငံလုံး လျှပ်စစ်အသုံးပြုတာ ၃ နှစ်အတွင်း ယူနစ်သန်းပေါင်း ၃ ထောင်ကျော် တိုးလာပြီး ကရင်ပြည်နယ်မှာတော့ အသုံးပြုတာ လျော့နည်းသွားခဲ့ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၂၀၁၄-၁၅ ပထမ ၄ လပတ်အစည်းအဝေးမှာ ပြည်ထောင်စု ၀န်ကြီးဌာနတွေက တင်ပြတဲ့ အချက်အလက်တွေက ဖော်ပြထားတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာ ၂၀၁၀ တုန်းက ၁၇၁ ယူနစ်သန်းပေါင်း သုံးစွဲခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်မှာတော့ ၁၆၆ ယူနစ်ပဲ သုံးစွဲခဲ့တာပါ။
၂၀၁၃-၁၄ ခုနှစ်မှာ တနိုင်ငံလုံး ယူနစ်သန်းပေါင်း ၉၆၁၂ သုံးစွဲထားတာ ဖြစ်ပါတယ်။
တနိုင်ငံလုံးမှာ လျှပ်စစ်ထုတ်လုပ်ဖို့ ဆောင်ရွက်နေတဲ့ စီမံကိန်း ၁၅ ခု ရှိနေပြီး ၂၀၁၅ ခုနှစ်မှာ ၃၆၁ မဂ္ဂါဝပ် ထပ်တိုးနိုင်မယ်လို့လည်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။