တရုတ်နိုင်ငံက စုံတွဲ ၁၀၀ ရိုးရာမင်္ဂလာပွဲ

၂၀၁၃ ခုနှစ်က အုပ်လိုက်မင်္ဂလာပွဲ ကျင်းပခဲ့စဉ်
တရုတ်နိုင်ငံမှာ အရင်လတွေက အကြမ်းဖက်မှုတွေနဲ့ သွေးချောင်းစီးခဲ့တဲ့ ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုင်းရင်းသားရိုးရာအတိုင်း မင်္ဂလာဆောင်ပွဲကို သြဂုတ် ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဇနီး မောင်နှံအသစ်စက်စက်စုံတွဲ ၁၀၀ တို့က လူအုပ်ကြီးဆီက ကောင်းချီးပေးမှုကို ခံယူခဲ့ကြတာပါ။ နှစ်စဉ် ကျင်းပနေကျ သြဂုတ် ၂၀ ရက်နေ့ကနေ စက်တင်ဘာ ၅ ရက်နေ့ထိ ကျင်းပတဲ့ တာပန် စပျစ်သီးပွဲတော်ရဲ့ အစိတ်အပိုင်းအနေနဲ့ အုပ်စုလိုက် မင်္ဂလာဆောင်ပွဲကို ကျင်းပတာပါ။ [caption id="attachment_63031" align="alignright" width="300"]၂၀၁၃ ခုနှစ်က အုပ်လိုက်မင်္ဂလာပွဲ ကျင်းပခဲ့စဉ် ၂၀၁၃ ခုနှစ်က အုပ်လိုက်မင်္ဂလာပွဲ ကျင်းပခဲ့စဉ်[/caption]ပွဲတော်နဲ့ အုပ်စုလိုက်မင်္ဂလာဆောင်ပွဲအတူ ကျင်းပတာ ဒုတိယမြောက်နှစ်လည်း ဖြစ်ပါတယ်။ ဝီဂါတိုင်းရင်းသားဝတ်စုံတွေ ဆင်ယင်ထားတဲ့ ဒီမင်္ဂလာပွဲအတွင်း မျိုးဆက်ဟောင်းတွေရဲ့ ချစ်ခြင်းအမှတ်တရတွေ ပြန်နိုးထစေဖို့ မိဘတွေ လုပ်ခဲ့သလိုပဲ ရိုးရာအတိုင်း အခမ်းအနားကို ပြင်ဆင်ထားတယ်လို့ အသစ်စက်စက် မင်္ဂလာဆောင်သူတို့က ပြောပါတယ်။ ရှင်းကျန်းပြည်နယ်ဟာ တာကစ်ဘာသာစကားပြောတဲ့ မွတ်စလင်ဝီဂါ တိုင်းရင်းသား တွေရဲ့ ဇာတိပါ။ ဒီလ အစောပိုင်းက ဓားကိုင်တိုက်ခိုက်သူတွေကို အစိုးရတပ်တွေက အသေ ပစ်သတ်ခဲ့ပါတယ်။ ဒေသတွင်း အကြမ်းဖက်မှုတွေ နှစ်ချီ ပေါ်ပေါက်ခဲ့တာဟာ အရှေ့တာကစ်စတန်လို့ ခေါ်တဲ့ လွတ်လပ်တဲ့ပြည်နယ် တည်ထောင်ချင်သူ အစ္စလာမ်မစ်စစ်သွေးကြွ ခွဲထွက်ရေးသမားတွေကြောင့်လို့ အစိုးရက အပြစ်တင်ပါတယ်။ ပြည်ပြေး ဝီဂါတိုင်းရင်းသားတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ကတော့ ရှင်းကျန်းပြည်နယ်အတွင်း အစ္စလာမ်ဘာသာကို ထိန်းချုပ်မှု အပါအ၀င် အစိုးရရဲ့ ဖိနှိပ်တဲ့မူဝါ ဒတွေကြောင့်လို့ ပြောပါတယ်။ တရုတ်အစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပြီး လတ်တလောနှစ်တွေမှာ ရိုးရာပွဲတော်တွေကို ခုလိုကျင်းပလာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up