ဘာလော့တယ်လီကို လီဗာပူးလ်အသင်းခေါ်ယူရန် ဆွေးနွေး
Published By
DVB | 22 August, 2014
623
0
Share
0
Comment
0
Likes

အင်္ဂလိပ် ပရီးမီးယားလိဂ်က လီဗာပူလ်းကလပ်အသင်းဟာ အီတလီကလပ် အေစီမီလန် အသင်းက တိုက်စစ်မှုး မာရီယို ဘာလော့တယ်လီကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
အသင်းနည်းပြ ဘရန်ဒန် ရော်ဂျာက အရင်နှစ်က ထိပ်တန်းဂိုးသွင်းရှင် ဆွာရက်ဇ် ဘာစီလိုနာကို ပြောင်းရွှေ့သွားပြီးတဲ့နောက် တိုက်စစ်အား ကောင်းလာဖို့အတွက် ဘာလော့တယ်လီကို အလိုရှိနေတာလည်း ဖြစ်ပါတယ်။
ဘာလော့တယ်လီဟာ မန်စီးတီးကနေ အေစီမီလန်ကို ပေါင် ၁၉ သန်းနဲ့ အရင်နှစ်က ပြောင်းရွှေ့သွားခဲ့ပြီး ၅၄ ပွဲမှာ ၃၀ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဘာလော့တယ်လီကို အာဆင်နယ်အသင်းက ချိတ်ဆက်ခဲ့ပေမယ့်လည်း အဲလက်စ် ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် သူ့ကို ခေါ်ယူဖို့ မသေချာတဲ့အနေအထား ဖြစ်သွား ပါတယ်။