A d v e r t i s e m e n t With Us

မက်ဒေါနယ်စားသောက်ဆိုင်များကို ရုရှားအစိုးရ စစ်ဆေး

ဓာတ်ပုံ - ရိုက်တာ
[caption id="attachment_63012" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ရုရှားအစိုးရဟာ ဒါဇင်နဲ့ချီတဲ့ မက်ဒေါနယ် စားသောက်ဆိုင်တွေကို စုံစမ်း စစ်ဆေးနေတယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့က ပြောပါတယ်။ ရုရှားဟာ ဒီလအစောပိုင်းက အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက စားသောက်ကုန် တင်ပို့မှုကို ပိတ်ပင်တားမြစ်ခဲ့တာပါ။ မက်ဒေါနယ်ဆိုင်ဟာ သူ့ရဲ့ပထမဆုံးဆိုင်ကို ရုရှားနိုင်ငံ မြို့တော်မော်စကိုက ပူရှ်ကင်ရင်ပြင်မှာ ဆိုဗီယက်ယူနီယံ အားနည်းချိန် ၁၉၉၀ ပြည့်နှစ်က စတင်ဖွင့်လှစ်တာပါ။ ခုတော့ ရုရှားမှာ ဆိုင်ခွဲ ၄၃၈ ဆိုင် ရှိနေပါပြီ။ မက်ဒေါနယ်ဆိုင်တွေကို စုံစမ်းစစ်ဆေးမှုဟာ ရုရှားက တခြားနိုင်ငံခြား စီပွားရေးတွေအကြား စားသောက်ကုန်ပိတ်ပင်မှု နောက်တချီမှာ ဘယ်သူဖြစ်မလဲဆိုတဲ့ စိုးရိမ်မှုတွေ ပေါက်ပွားလာစေပါတယ်။

A d v e r t i s e m e n t With Us

More News
Up