သြဂုတ် ၂၁ ရက် ငွေလဲနှုန်းနှင့်ရွှေဈေး
DVB
·
August 21, 2014
သြဂုတ် ၂၁ ရက်အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၉၇၄ ကျပ်၊ ဥရောပ ၁ ယူရိုကို ၁၂၉၁ ဒသမ ၉၁ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၇ ဒသမ ၀၅ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၇၇၈ ဒသမ ၆၃ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၀ ဒသမ ၃၈ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
အကယ်ဒမီရွှေဈေးကတော့ ၀ယ်ဈေး ၆၆၈၈၀၀ ကျပ် ဖြစ်ပြီး ရောင်းဈေး ၁၀၀၀ ကျပ် တိတိ ပိုပါတယ်။ ဒီကနေ့ ကမ္ဘာ့ရွှေဈေးကတော့ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၂၇၉ ဖြစ်ပါတယ်။