ဘရူနိုင်းဘုရင့်ဖလား ဗိုလ်လုပွဲ မြန်မာနှင့်ဗီယက်နမ် ယှဉ်ပြိုင်မည်

ဘရူနိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ဘရူနိုင်း ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို မြန်မာ ယူ ၁၉ အသင်းနဲ့ ဗီယက်နမ် ယူ ၁၉ အသင်းတို့ လာမယ့် သြဂုတ် ၂၃ ရက်နေ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ U-19 Start Lineup Semi HBT 2014မြန်မာအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရူနိုင်းဘုရင့်ဖလား အကြိုဗိုလ်လုပွဲမှာ မလေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းကတော့ အကြိုဗိုလ်လုပွဲမှာ ထိုင်းယူ ၁၉ အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ယူ ၁၉ အသင်းဟာ ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ထိုင်းလူငယ်အသင်းကို ၃-၂၊ တီမောလူငယ် အသင်းကို ၃-၁ ဂိုးရ၊ ဖိလစ်ပိုင် လူငယ်အသင်းကို ၃-၁ ဂိုး၊ အကြိုဗိုလ်လုပွဲမှာ မလေးရှားအသင်းကို ၃-၀ ဂိုး စသဖြင့် ရှုံးပွဲမရှိ ခြေစွမ်းပြအနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်လာတာပါ။ သြဂုတ် ၂၃ ရက်နေ့ ကစားမယ့် မြန်မာယူ ၁၉ ဘောလုံးအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ဗိုလ်လုပွဲကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up