Live
Home
လူမှုရေး
တန်ဖိုးနည်းအိမ်ရာစီမံကိန်း မြို့ကြီးအချို့တွင် တည်ဆောက်ပေးရန် သမ္မတပြော
DVB
·
August 21, 2014
chief-buldingဆင်းရဲနွမ်းပါးသူများနဲ့ အိုးအိမ်မဲ့သူတွေ နေထိုင်နိုင်အောင် သက်သာတဲ့ဈေးနှုန်းနဲ့ အိမ်ရာ တည်ဆောက်ပေးတာကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာသာ ဦးစားပေးတည်ဆောက်တာမျိုး မလုပ်ဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနဲ့ စစ်တွေစတဲ့ မြို့တွေမှာပါ တည်ဆောက်ပေးဖို့ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ သြဂုတ် ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ပထမအကြိမ် ပြုလုပ်တဲ့ ၄ လပတ် အစည်းအဝေးမှာ သမ္မတက ခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သမ္မတရဲ့ ၄ လပတ် အစည်းအဝေးမိန့်ခွန်းမှာ သူ့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့ အချိန် ၁ နှစ်ကျော်ပဲ ရှိတော့တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024