Home
စီးပွားရေး
ရာဘာခြံပိုင်ရှင်များ အရှုံးဖြင့် ရင်ဆိုင်နေရ
DVB
·
August 21, 2014
နိုင်ငံတကာဈေးကွက်မှာ ရာဘာဈေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေတဲ့ဂယက်ကြောင့် ပြည်တွင်းက ရာဘာခြံငယ်ပိုင်ရှင်တွေအဖို့ ထုတ်လုပ်မှုစရိတ် မကာမိဖြစ်နေပြီး အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ [caption id="attachment_62903" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ကမ္ဘာ့ရာဘာဈေးနှုန်းတွေက ၂၀၁၃ ခုနှစ်ကစလို့ အကျဘက်မှာ တောက်လျှောက်ရှိခဲ့တဲ့ အပြင် ပြည်တွင်းမှာ ရာဘာထုတ်လုပ်တဲ့စနစ်ကလည်း ခေတ်မမီ၊ အရည်အသွေးမမီတဲ့အတွက် ရာဘာခြံငယ်ပိုင်ရှင်တွေအနေနဲ့ အရှုံးဘက်ကို ဦးတည်နေတာ ဖြစ်ပါတယ်။ ရာဘာဈေးနှုန်းက အကျဘက်မှာပဲ တောက်လျှောက်ရှိခဲ့လို့ မွန်ပြည်နယ်က ရာဘာလုပ်ငန်းရှင်တွေ အခက်အခဲတွေ တွေ့နေရတယ်လို့ ရာဘာခြံပိုင်ရှင်တဦးလည်းဖြစ် မွန်နိုင်ငံရေးပါတီခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ရာဘာစိုက်ပျိုးထွက်ရှိမှု အားလုံးရဲ့ ၁၀ ပုံ ၉ ပုံက ခြံငယ်ပိုင်ရှင်တွေရဲ့ ထုတ်လုပ်မှုက ရရှိတာ ဖြစ်ပြီး ၁ နှစ်ကို ရာဘာအစေးပြား ထွက်ရှိမှုက ပျမ်းမျှ ၁ ဒသမ ၇ သိန်း ထွက်ရှိတဲ့ အနက် ၉၀ ရာခိုင်နှုန်းက ပြည်ပဈေးကွက်ကို အဓိကတင်ပို့နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်းက ရာဘာစိုက် တောင်သူတွေအနေနဲ့ ရာဘာဈေးကျပြီး အရှုံးပေါ်နေပေမယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းရေးရာ ၀န်ကြီးဌာနအနေနဲ့ ထောက်ပံ့ငွေ ပေးတာနဲ့ ရာဘာဈေးနှုန်းကို အနိမ့်ဆုံးဈေး သတ်မှတ်ပြီး ၀ယ်ယူပေးတာမျိုး လုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းရေးရာဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက ဇူလိုင်လအတွင်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024