လူသားချင်းစားနာမှု အကူအညီပေးရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ယူကရိန်းနယ်စပ် ရောက်ရှိ

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ Red Cross က အရာရှိတွေဟာ ယူကရိန်းနယ်စပ်နားက ရုရှတောင်ပိုင်းရှိ ရာစတို့ဗ်မြို့ကို သြဂုတ်လ ၂၁ ရက်နေ့က ရောက်ရှိပါတယ်။ ယူကရိန်း အရှေ့ပိုင်းမြို့တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ စီစဉ်ရေးအတွက် လာခဲ့တာပါ။ -ရုရှအစိုးရက ပေးပို့ထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေသယ်လာတဲ့ ကုန်ကား အစီး၂၈၀ နယ်စပ်မှာ သောင်တင်နေတာ အရင်အပတ်တည်းကပါ။ ယူကရိန်းအစိုးရကတော့ Red Crossက သင့်တော်သလို ဖြန့်ချိပေးနိုင်တယ်လို့ လုပ်ထုံးလုပ်နည်းအတိုင်း အပြင်းအထန် တောင်းဆိုခဲ့ပါတယ်။ ရုရှကတော့ ယူကရိန်းကို အကူအညီပေးမယ့် ယာဉ်တန်းနဲ့ ပတ်သက်တဲ့ ကန့်ကွက်ချက် အားလုံးကို ဖြေရှင်းပြီးပြီလို့ သြဂုတ်လ ၁၈ ရက်နေ့က ပြောပါတယ်။ ယူကရိန်းက ရုရှယာဉ်တန်းဟာ သူပုန်တွေအတွက် လက်နက်တွေရဖို့ ဟန်ပြ ထရိုဂျန်မြင်းတွေ ဖြစ်နိုင်ကြောင်း ယုံကြည်လို့ အစောပိုင်းက ပြည်ဝင်ခွင့်မပေးဘဲ ကန့်ကွက်ခဲ့တာပါ။ ရုရှကတော့ အဓိပာယ်မရှိတဲ့ ထင်မြင်ချက်အဖြစ် ပယ်ချခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up