ဟီရိုရှီးမားတွင် မြေပြို၊ ၃၂ ဦး သေဆုံး
DVB
·
August 20, 2014
ဂျပန်နိုင်ငံရဲ့ အနောက်ပိုင်းရှိ ဟီရိုရှီးမားခရိုင်အတွင်း သြဂုတ်လ ၁၉ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အဆမိနမိမြို့ လူနေအိမ်အနီး တောင်ကနေ မြေပြိုကျလာတဲ့ အတွက် လူ ၃၂ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေပါတယ်။
မနက်လင်းအားကြီး လူတွေအိပ်ချိန်မှာ ရွှံ့မြေတွေ ပြိုဆင်းခဲ့တာဖြစ်ပြီး သေဆုံးသူတွေ ထဲမှာ အသက် ၂ နှစ်အရွယ် ကလေးအပါအ၀င် အသက် ၅၃ နှစ်အရွယ် ကယ်ဆယ်ရေး မီးသတ်သမားတဦးလည်း ပါဝင်ပါတယ်။ (ဓာတ်ပုံ- ဂျပန်သတင်းဌာန)
[gallery ids="62859,62860,62861"]