ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများကို ကုလသမဂ္ဂ လေ့လာ

မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ဒီဗွီဘီ)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ရဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းကို သွားရောက် လေ့လာခဲ့ပါတယ်။ ထိုင်းနယ်စပ် အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာ စခန်း တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ဒီနေ့ [caption id="attachment_53340" align="alignright" width="240"]မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ဒီဗွီဘီ) မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ဒီဗွီဘီ)[/caption]မနက် ၉ နာရီခွဲကနေ နေ့ခင်း ၁၂ နာရီလောက်အထိ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ယူအန်အိပ်ခ်ျစီအာအနေနဲ့ လက်ရှိ ဒုက္ခသည်တွေရဲ့ အသံနဲ့ စိုးရိမ်ပူပင်မှုတွေကို လာရောက် လေ့လာသလို ဒုက္ခသည်တွေရဲ့ မွေးစာရင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။ မြန်မာပြည်က အထောက်အထားစာရွက်စာတမ်းဆိုင်ရာ ကိစ္စရပ်တွေကို လာရောက် ဆွေးနွေးတာ ဖြစ်တယ်လို့ ယူအန်အိပ်ခ်ျစီအာရဲ့ မဲဆောက်တာဝန်ရှိသူ မေက ဒီဗွီဘီကို ပြောပါတယ်။ နိုင်ငံတကာ ကလေးအခွင့်အရေးဆိုင်ရာညီလာခံမှာ ပါရှိတဲ့အတိုင်း ကလေးသူငယ်တိုင်း ဟာ မွေးစာရင်းရခွင့်ရှိတယ်ဆိုတဲ့အတိုင်း မွေးစာရင်းကိစ္စကို လာဆွေးနွေးတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီကနေ့ဆွေးနွေးပွဲမှာ ယူအန်အိပ်ခ်ျစီအာ ရန်ကုန်ရုံး အရာရှိ ၂ ဦး၊ ဘားအံရုံးက ၂ ဦး၊ မဲဆောက်က တာဝန်ရှိသူတွေနဲ့ စခန်းကော်မတီဝင်တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up