ရေကြောင်းနှင့်လာသည့် ခရီးသည် ၆ ဆ လောက်တိုးတက်
Published By
DVB | 20 August, 2014
790
0
Share
0
Comment
0
Likes

မြန်မာနိုင်ငံအတွင်း ရေကြောင်းကနေ နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှု ၆ ဆ လောက် များပြားလာတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
၂၀၁၂ ခုနှစ်အတွင်း ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ လာရောက်လည်ပတ်သူ ခရီးသည် အယောက် ၁၅၀၀ ကျော်ပဲ ရှိခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာတော့ ခရီးသည် ၁၁၀၀၀ ကျော်အထိ များပြားလာပါတယ်။
နိုင်ငံခြားသားခရီးသည်အများစုဟာ အပျော်စီးသင်္ဘောတွေနဲ့ ရန်ကုန် သီလ၀ါ ဆိပ်ကမ်းကနေ တဆင့် မြန်မာနိုင်ငံထဲ ၀င်ရောက်လည်ပတ်လေ့ ရှိကြပါတယ်။
အခု ၂၀၁၄ နှစ်ကုန်ရင်တော့ ၂၀၁၃ ခုနှစ်ကထက် ၂ဆ လောက် ထပ်တိုးပြီး ခရီးသည် ၂
သောင်းကျော်လောက် ၀င်ရောက်လာနိုင်တယ်လို့ ၀န်ကြီးဌာနက ခန့်မှန်းထားပါတယ်။