Home
စီးပွားရေး
ငွေထုတ်စက် ၁၀၀၀ ၀န်းကျင် ရပ်ဆိုင်းနေ
DVB
·
August 20, 2014
To match Insight MYANMAR-BANKS/မြန်မာ့ဆက်သွယ်ရေးရဲ့ အင်တာနက် အိုင်ပီချိတ်ဆက်မှု မူဝါဒ အပြောင်းအလဲကြောင့် အလိုအလျောက် ငွေထုတ်စက် (အမ်ပီယူ) အလုံး ၁ ထောင်ဝန်းကျင် အလုပ်မလုပ်နိုင်ဘဲ ရပ်ဆိုင်းနေရတယ်လို့ Myanmar Payment Union အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။ MPU အလိုအလျောက် ငွေထုတ်စက် စုစုပေါင်း အလုံး ၃ ထောင် ၀န်းကျင်ရှိပြီး မြန်မာ့ ဆက်သွယ်ရေး၊ RedLink ကုမ္ပဏီတွေနဲ့ အင်တာနက် ချိတ်ဆက်ပြီး အသုံးပြုနေတဲ့အကြောင်း၊ သိပ်မကြာသေးခင်တုန်းက မြန်မာ့ဆက်သွယ်ရေးဟာ အသုံးပြုသူတဦးကို အိုင်ပီယူတခုစီပဲ အသုံးပြုခွင့်ပေးမယ် ဆိုတဲ့ မူဝါဒတခု ချမှတ်ခဲ့ကြောင်း၊ ဒါကြောင့် မြန်မာ့ဆက်သွယ်ရေးနဲ့ ချိတ်ဆက်ထားတဲ့ အိုင်ပီ ၂ ခုအနက် ၁ ခု ဖြုတ်ချခံခဲ့ရပြီး အဲဒီ အိုင်ပီနဲ့ ချိတ်ဆက်ထားတဲ့ ငွေထုတ်စက်တွေ အသုံးပြုမရတော့တာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။ ခုအခါ မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးနေပြီး အဆင်ပြေ သွားရင်တော့ ငွေထုတ်စက် ၁ ထောင်ဝန်းကျင် ပြန်အသုံးပြုနိုင်မယ်လို့ ဦးဇော်လင်းထွဋ်က ပြောပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024