မာကို့စ် ရိုဂျိုကို မန်ချက်စတာယူနိုက်တက် ခေါ်ယူရန် သဘောတူညီချက်ရရှိ

801
မန်ချက်စတာယူနိုက်တက်အသင်းက အာဂျင်တီးနားနောက်ခံလူ မာကို့စ် ရိုဂျိုကို စပို့တင်း လစ္စဘွန်းကလပ်ကနေ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။
အပြန်အလှန်အနေနဲ့ မန်ယူက နာနီကို လစ္စဘွန်းအသင်းဆီ အငှားချထားလိုက်ပါ တယ်။
မန်ယူက အသက် ၂၄ နှစ်အရွယ် ဘယ်နောက်ခံလူ ရိုဂျိုကို ပေါင် ၁၆ သန်း နဲ့ ခေါ်ယူလိုက်တာပါ။
ရိုဂျိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းရဲ့ အဓိက ကစားသမားတဦး ဖြစ်ပြီး ၆ ပွဲကစားပေးထားပါတယ်။
မန်ယူဟာ ဒီနှစ်ရာသီမှာ ကစားသမားအသစ် နှစ်ယောက်ပဲ ခေါ်ယူနိုင်သေးပြီး အသင်းကနေ ထွက်သွားတဲ့ ဗစ်ဒစ်နဲ့ ဖာဒီနန်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ဗဟိုနောက်ခံလူ နှစ်ယောက်ကိုလည်း ဆက်လက် ရှာဖွေနေပါတယ်။
