ဖော်မြူလာဝမ်း အသက်အငယ်ဆုံး ကားမောင်းသမား ဖြစ်တော့မည့် ဒတ်ခ်ျလူငယ်

အသက် ၁၆ နှစ်အရွယ် မက်စ်ဗာစတာပင် (Max Verstappen) ဟာ ဖော်မြူလာဝမ်းကားပြိုင်ပွဲအတွက် အသက်အငယ်ဆုံး ကားမောင်းသမား ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ Max-Verstappen-CRGဖော်မြူလာသရီးမှာ ပြိုင်ပွဲဝင်နေတဲ့ ဒတ်ခ်ျလူမျိုး ဗာစတာပင်ဟာ ပြင် သစ်နိုင်ငံ သား ယောင်း အဲရစ်ဗန်းနေ ရာကို အစားထိုးမှာ လည်း ဖြစ်ပါတယ်။ အသက် ၇ နှစ်သားကတည်းက ဖော်မြူလာဝမ်းပြိုင်ပွဲဟာ အသက်မွေးဝမ်းကြောင်းအတွက် ရည်မှန်းချက်ဖြစ်သလို ဒီအိမ်မက်တွေက အမှန်တကယ်ဖြစ်လာပြီလို့ သူက ပြောပါတယ်။ [caption id="attachment_62747" align="alignright" width="300"]မက်စ်ဗာစတာပင် (Photo-CRG) မက်စ်ဗာစတာပင် (Photo-CRG)[/caption] သူဟာ ဒီနှစ် ဖော်မြူလာသရီး ပြိုင်ပွဲမ၀င်ခဲ့မှာလည်း ပြိုင်ပွဲ ၆ ပွဲလောက် အနိုင်ရယူခဲ့ဖူးသလို လက်ရှိမှာတော့ အသက် ၁၉ နှစ် ၁၂၅ ရက်နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ စပိန်နိုင်ငံသား ဂျေမီးအဲလ်ဂါဆွာရီက အငယ်ဆုံး ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up