Home
မြန်မာသတင်း
ရာဇ၀တ်မှုနှင့် မူးယစ်ဆေးအတွက် ဒေါ်လာ သန်း ၄၀ သုံးမည်
DVB
·
August 19, 2014
မြန်မာနိုင်ငံက ရာဇ၀တ်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် အသုံးပြုသွားမယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ pp၂၀၁၄ ကနေ - ၂၀၁၇ ခုနှစ်ထိ ၄ နှစ်တာအတွင်း တရားဥပဒေစိုးမိုးရေး၊ ရာဇ၀တ်မှုနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ် ကို မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး (ယူအန်အိုဒီစီ) တို့ မနေ့က သဘောတူလက်မှတ် ရေးထိုးခဲ့တာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မယ့် ဒီအစီအစဉ်မှာ  နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ရာဇ၀တ်မှုဆိုင်ရာ တရားစီရင်ရေး၊ မူးယစ်ဆေးဝါးနဲ့ ကျန်းမာရေး၊ ဘိန်းစိုက် တောင်သူတွေအတွက်  တခြားသော ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ကဏ္ဍခွဲ  ၅ ခု ပါဝင်ပါတယ်။ မြန်မာနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံးက မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဂျရယ်မီး ဒေါက်ကလပ်စ်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီစီမံကိန်းအတွက် ဒေါ်လာ သန်း ၄၀ ကျော် သုံးထားပါတယ်။ အများဆုံးကို တခြား သော အသက်မွေးဝမ်းကြောင်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ သုံးသွားမှာ ဖြစ်ပါတယ်။ စီမံကိန်းဟာ ဘိန်းထုတ်လုပ်ရေး ကိစ္စတွေ၊ အထူးသဖြင့် ဘိန်းတောင်သူတွေအတွက် တခြားသီးနှံ အစားထိုးစိုက်ပျိုးဖို့ ကိစ္စတွေကို အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” သမ္မတ ဦးသိန်းစိန်နဲ့ ၀န်ကြီးအဖွဲ့တွေက ဒီအစီအစဉ်ကို ပြန်လည်သုံးသပ်ခဲ့ပြီးတော့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနဲ့ ယူအန်အိုဒီစီ ကိုယ်စားလှယ်တွေ လတ်မှတ်ရေး ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုးပွဲမှာ UNODC ရဲ့  မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျရယ်မီး ဒေါက်ကလပ်စ်က  မြန်မာနိုင်ငံမှာ  ဖြစ်ပွားနေတဲ့ ရာဇ၀တ်မှုတွေဟာ နိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လျော့ပါးစေတဲ့အပြင် လူတွေ မလုံမခြုံ ဖြစ်ရသလို ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာ၊ ထိုင်းနဲ့ လာအိုနယ်စပ်က ရွေတြိဂံဒေသ၊  တရုတ်၊ အိန္ဒိယ နယ်စပ်တွေဟာ  မူးယစ်ဆေးဝါး အပါအ၀င် တရားမ၀င် တောရိုင်းတိရစ္ဆာန်၊ သစ်နဲ့ လူကုန်ကူးမှုတွေအတွက် လမ်းကြောင်းအဖြစ် လူသိများပါတယ်။ ၂၀၁၃ ခုနှစ်မှာ မြန်မာရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ အမြင့်မားဆုံးရောက်ရှိခဲ့ပြီး ၈၇၀ တန်ရှိတယ်လို့ ယူအန်အိုဒီစီက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ  မက်သာအဖက်တမင်း စိတ်ကြွရူးသွတ်ဆေး ထုတ်လုပ်မှုလည်း မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာတော့ မြန်မာနိုင်ငံ နေရာသုံးခုမှာ အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော် တန်ဖိုးရှိ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို အစိုးရက မီးရှို့ ဖျက်ဆီးပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024