ဂျက်ကီချန်း၏သားကို မူးယစ်ဆေးသုံးစွဲမှု သံသယဖြင့် ဖမ်းဆီး

ဂျေစီချန်း (ယာ) နှင့် ကိုင်ကို (ဓာတ်ပုံ - ဆင်ဟွာ)
ဂျက်ကီချန်းရဲ့သား ရုပ်ရှင်သရုပ်ဆောင် ဂျေစီချန်းနဲ့ သရုပ်ဆောင် ကိုင်ကိုတို့ ၂ ယောက်ကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ သံသယရှိတဲ့အတွက် ဖမ်းဆီးထားတယ်လို့ တရုတ်ရဲအဖွဲ့က သြဂုတ် ၁၈ ရက်နေ့မှာ အတည်ပြုပါတယ်။ [caption id="attachment_62697" align="alignleft" width="300"]ဂျေစီချန်း (ယာ) နှင့် ကိုင်ကို (ဓာတ်ပုံ - ဆင်ဟွာ) ဂျေစီချန်း (ယာ) နှင့် ကိုင်ကို (ဓာတ်ပုံ - ဆင်ဟွာ)[/caption] ဂျေစီချန်းက အသက် ၃၁ နှစ်၊ ကိုင်ကိုက ၂၃ နှစ် ရှိပြီ ဖြစ်ပြီး သူတို့ နှစ်ယောက်စလုံး ဟာ ထိုင်ဝမ်မှာ လူကြိုက်များတဲ့ သ ရုပ်ဆောင် တွေ ဖြစ် ပါတယ်။ ဂျေစီချန်းရဲ့အိမ် ကနေ ဆေးခြောက် ၁၀၀ ဂရမ်ကို ရဲက ဖမ်းမိခဲ့ပြီး သူတို့ နှစ်ယောက်ကို စစ်ဆေးတဲ့ အခါမှာ ဆေးခြောက်သုံးထားတဲ့ လက္ခဏာ တွေ့ရတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။ နှစ်ယောက်စလုံးကလည်း မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတာကို ဖြောင့်ချက်ပေးထားပြီး အမှုကို ဆက်လက်စုံစမ်းနေပါတယ်။ ဆေးရောင်းတယ်လို့ သံသယရှိသူတဦးကိုလည်း ရဲက ဖမ်းထားပါတယ်။ တရုတ်ရဲအဖွဲ့ဟာ ဒီနှစ်မှာ မူးယစ်ဆေးကိစ္စကို ကြပ်ကြပ်မတ်မတ်ကိုင်တွယ်နေရာမှာ ဇွန်လက စလို့ အမှုပေါင်း ၁၇၀၀ ကျော် ဖော်ထုတ်ခဲ့ပြီး သံသယရှိသူ ၇၈၀၀ ကို ဖမ်းထားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up