A d v e r t i s e m e n t With Us

တိဘက်တွင် ခရီးသည်တင်ကား မြစ်ထဲထိုးကျ၊ ၃ ဦး သေဆုံး

ဓာတ်ပုံ - chinanews.com
တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူ ၄၅ ဦးကို တင်ဆောင်ထားတဲ့ ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစီး မြစ်ထဲထိုးကျခဲ့တဲ့အတွက် လူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ပျောက်ဆုံးနေ တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ [caption id="attachment_62682" align="alignright" width="300"]ဓာတ်ပုံ - chinanews.com ဓာတ်ပုံ - chinanews.com[/caption] သြဂုတ် ၁၈ ရက်နေ့က အမှတ် ၃၁၈ အဝေးပြေး လမ်းမကြီး ရဲ့ ဂေါင်ဘိုဂျမ်ဒါမြို့ နယ်ထဲက လမ်းပိုင်း မှာ နေမွန်းမတည့်မီ ညံမြစ်ထဲကို ဘတ်စ်ကား ထိုးကျခဲ့တာပါ။ ညနေပိုင်းမှာ ကယ်ဆယ်ရေး သမားတွေက လူ ၂၉ ဦးကို ကယ်တင်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up